Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မိုင်းလွေကျေးရွာအုပ်စုအတွင်း ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မီးခိုးမြူလျှော့ချရေးဆိုင်ရာ အသိပညာပေး ကွင်းဆင်းဆောင်ရွက်
Feb 05,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ကျေးရွာဒေသခံတိုင်းရင်း သားပြည်သူများအား ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်ပေးနိုင်ရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် မီးခိုးမြူလျော့ချရေးဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဖေဖာ်ဝါရီ ၄ ရက်နံနက်၁၀ နာရီက မိုင်းလွေကျေးရွာအုပ်စုအတွင်းရှိ နောင်ဟွိုင်ကျေးရွာနှင့် နမ့်မုတ်ကျေးရွာများသို့ တာဝန်ရှိသူများမှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆေးတက္ကသိုလ်(၁)ရန်ကုန် ရာပြည့်အကြို (၉၉)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနား ကျင်းပ
Feb 05,2026
ဆေးတက္ကသိုလ်(၁)ရန်ကုန်၏ ရာပြည့်အကြို (၉၉)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ဖေဖော်ဝါရီ ၂ ရက်နံနက်ပိုင်းက လမ်းမတော်မြို့နယ်၊ မြို့မကျောင်းလမ်းရှိ တက္ကသိုလ်ဝန်း၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာန၏ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဆေးတက္ကသိုလ်များနှင့် ဆေးနှီးနွှယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ဆေးတက္ကသိုလ်(၁)မှ ပါမောက္ခ/ ဌာနမှူးများ၊ ပါမောက္ခများ၊ ဆရာ/ဆရာမများနှင့်ဝန်ထမ်းများ၊ သင်ကြားရေးဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီးများ၊ အငြိမ်းစား ဆရာ/ဆရာမကြီးများ၊ အထူးဖိတ်ကြားထားသည့် ဧည့်သည်များနှင့် ဘွဲ့ကြို/ ဘွဲ့လွန် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ငလျင်ဘေးပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် တက်ရောက်ပါဝင်ဆင်နွှဲ…
Feb 05,2026
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက်ပိုင်းက မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားသည့် ဈေးများ ဌာနကွပ်ကဲမှုအောက် နေပြည်တော်မြို့မဈေးသို့သွားရောက်ပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ၊ ငွေလုံးငွေရင်းသဘော(ဖြည့်စွက်)ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် (A ၊ B ၊ C ၊ D)ရုံများ ပြန်လည်ပြုပြင်တည်ဆောက်နေမှုလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လုပ်ငန်းအရည်အသွေးပြည့်မီစွာ ဆောင်ရွက်ရန်၊ သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းနှင့်အညီ ပြီးစီးအောင်ဆောင်ရွက်ရန်၊ ဈေးအရှေ့ဘက် ယာဉ်ရပ်နားရန်နေရာတို့တွင် ယာယီရောင်းချခွင့်ပြုထားသော ဈေးရောင်းချသူများအား အတွင်းရုံ (A၊ D)ရုံများသို့ ပြန်လည်ရွှေ့ပြောင်းရောင်းချနိုင်ရေး ဆောင်ရွက်သွားရန်၊ ဈေးတောင်ဘက်မျက်နှာစာ Landscaping လုပ်ငန်းများ လှပအောင်ဆောင်ရွက်သွားရန်၊ ရေစီးရေလာကောင်းမွန်စေရေးလုပ်ငန်းများ ဆောင်ရွက်သွားရန်နှင့် ဈေးသန့်ရှင်း၊ သပ်ရပ်၊ သာယာ၊ လှပ၊ စိမ်းလန်း၊ စိုပြည်ရေးလုပ်ငန်းများ အလေးထားဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပုံပါကျင်မြို့ (Community Centre)ခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ
Feb 05,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူး၍ ယမန်နေ့နံနက် ၁၀ နာရီက ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို အဆိုပါရုံးရှိ (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒိုက်ဦးမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအား လှည့်လည်ကြည့်ရှု အားပေး
Feb 05,2026
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီး ညီလန်းချို၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ရဲမှူးကြီး ကျော်ထွဋ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ဖေဖော်ဝါရီ ၃ ရက်နေ့ မွန်းလွဲပိုင်းက ဒိုက်ဦးမြို့နယ်၊ ဒိုးတန်းကျေးရွာအုပ်စု၊ ဒိုးတန်းကျေးရွာ၊ တောင်သူ ဦးမောင်စိုးမှ ပဲဒီစိမ်းစိုက်ပျိုးထားရှိမှုအား ကြည့်ရှုအားပေးခဲ့ပြီး အိမ်ခြေလေးဆယ်ကျေးရွာ မွေးမြူရေးလုပ်ငန်းရှင် ဦးတင်ထွဋ်မြင့်မှ ဒေသန္တရကြက်မွေးမြူထားရှိမှုနှင့် အစာစပ်လုပ်ငန်းများ ဆောင်ရွက်ထားမှုတို့အား ကြည့်ရှုအားပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်းတည်မြို့၌ နွေစပါးပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်ရေးအတွက် မျိုးစေ့ချကိရိယာများ တွင်ကျယ်စွာ အသုံးပြုစိုက်ပျိုးလာ
Feb 05,2026
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ နွေစပါးပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်ရေးအတွက် ယခုနှစ်တွင် တောင်သူများအနေဖြင့် မျိုးစေ့ချကိရိယာ(Drum Seeder)များ တွင်ကျယ်စွာ အသုံးပြုစိုက်ပျိုးလာကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လဲချားမြို့နယ်တွင် ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး ဆွေးနွေး
Feb 05,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့် လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး ဆွေးနွေးခြင်းကို ယမန်နေ့ နေ့လယ်က ကျန်းမာရေဌာနခန်းမတွင် ဆောင်ရွက်ခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
ကံမမြို့နယ်၌ နီပါးရ်ဗိုင်းရပ်စ်ရောဂါအကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပ
Feb 05,2026
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံပညာအထက်တန်းကျောင်း(ကံမ) မြဝတီခန်းမ၌ ယမန်နေ့ နံနက် (၁၁) နာရီက နီပါးရ်ဗိုင်းရပ်စ်ရောဂါအကြောင်း အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
156
Page
157
Page
158
Page
159
Current page
160
Page
161
Page
162
Page
163
Page
164
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department