အမြို့မြို့အနယ်နယ်သတင်းများ

Feb 05,2026
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် လေပြင်းဘေးအန္တရာယ်ကျရောက်ပျက်စီးနိုင်သော လူနေအိမ် (၁၅၀)လုံးအတွက် အမိုးအကာများအား ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအဖွဲ့၏ လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Feb 05,2026
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ၂၀၂၆ ခုနှစ်၊ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မူဆယ်ခရိုင်/ မြို့နယ်စုပေါင်းရုံးခန်းမတွင် ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
Feb 05,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ (၇၉)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး အခမ်းအနားပြင်ဆင်ခြင်းလုပ်ငန်းအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင် ဦးဆောင်သော မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းပါဝင်သောအဖွဲ့သည် ယမန်နေ့ မွန်းလွဲ ၁ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Feb 05,2026
မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့၊ မြင်းဘက်ရပ်ကွက်၌ မန္တလေးမြေငလျင်ကြောင့် ထိခိုက်မှုဖြစ်ပွားခဲ့သော ရွှေစေတီတော်ကြီးအား ဘက်စုံမွမ်းမံပြုပြင်ခြင်းနှင့် ထီးတော်သစ်တင်လှူပူဇော်ခြင်းမင်္ဂလာကို ဖေဖော်ဝါရီလ ၅ ရက် နံနက် ၈ နာရီခန့်က အဆိုပါစေတီတော်တွင် ကျင်းပခဲ့ကြောင်းသိရသည်။
Feb 05,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့၌ မီးခိုးမြူငွေ့ကင်းစင်ရေးနှင် တောယာမီး၊ တောမီးများ မရှို့ကြရန်အတွက် အသိပညာပေးဟောပြောခြင်းကို ယမန်နေ့က မြို့မရပ်ကွက်၊ ဒေါင်းနေရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
Feb 05,2026
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးဝန်းအတွင်း ဆောက်လုပ်ပြီးစီးခဲ့သော ဖန်ခါးမြေ လ.ဝ.က မြတ်ဓမ္မာရုံနှင့် အမျိုးသားဆောင်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါရုံးဝန်း ဖန်ခါးမြေ လ.ဝ.က မြတ်ဓမ္မာရုံရှေ့ ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှ တပ်မတော်အကြီးအကဲ များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ မြို့နယ်အသီးသီးမှ မြို့နယ်ဦးစီးမှူးများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။