အမြို့မြို့အနယ်နယ်သတင်းများ

Feb 05,2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သည် နှစ်စဉ်မိုးရာသီတွင် ရေကြီးရေလျှံမှုဖြစ်ပွားမှုဒဏ်ကို ခံရလေ့ရှိသဖြင့် မြို့ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေး အဓိကလုပ်ငန်းစီမံကိန်းများအနက် ရေလမ်း ကြောင်းကောင်းမွန်ရေးအတွက် မြစ်ကြောင်းရှင်းလင်းရေးလုပ်ငန်းစီမံကိန်းကို ဗလမင်းထင်တံတား အောက်ရှိ သဲသောင်တူးဖော်ရှင်းလင်းခြင်းလုပ်ငန်းအား ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဖေဖော်ရီ ၃ ရက် ညနေပိုင်းက တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ ကြသည်။
Feb 05,2026
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများ အဆင်ပြေစေရေး စိုက်ပျိုးမွေးမြူရေး လယ်ယာကဏ္ဍ အသားငါးကဏ္ဍထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်အတွင်းရှိ အထွေထွေစီးပွားရေးသမဝါယမအသင်းများသို့ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ နိုင်ငံ့စီးပွားထောက်ပံ့ငွေများပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
Feb 05,2026
ရန်ကုန်တိုင်းဒေသကြီး ၂၀၂၆ ခုနှစ်၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အခမ်းအနားကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၃ ရက်နေ့လယ်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
Feb 05,2026
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ကုန်စျေးနှုန်းများ တည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်စည်များရောင်းချပေးခြင်းကို ယမန်နေ့နေ့နံနက် (၉) နာရီက ကဒါရပ်ကွက်မင်္ဂလာဈေးတွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
Feb 05,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဥယျာဉ်ရပ်ကွက် ဌာနစုပေါင်းရုံးဝန်းအတွင်းရှိ မြက်ခင်းကွင်းပြင်နေရာ၌ ယနေ့နံနက် ၈ နာရီအချိန်က စတင်ကာ ရှမ်းပြည်နယ်နေ့ အခမ်းအနားကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Feb 05,2026
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်း(သထုံ)တို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတမြင့်မားရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဖေဖော်ဝါရီလ ၅ ရက်နေ့နံနက်ပိုင်းက မြေနီကုန်းကျေးရွာရှိ အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
Feb 05,2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စုတွင် တည်ထားကိုးကွယ်တော်မူသည့် မဟာမကုဋရံသီဆံတော်ရှင် မြတ်မော်တင်စေတီတော် မြတ်ကြီးအား ဖူးမြော်ကြည်ညိုပြီး ဟိုင်းကြီးကျွန်းမြို့ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၍ ဆန်၊ ဆီများ ပေးအပ်ခဲ့သည်။
Feb 05,2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း ကာကွယ်ဆေးထိုးနှံ/ တိုက်ကျွေးခြင်းလုပ်ငန်းများ ပိုမိုအဆင်ပြေချောမွေ့စွာ အရှိန်အဟုတ်မြှင့် ဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၃ ရက်နေ့ နံနက် ၁၀ နာရီက ခုတင် ၅၀ ဆံ့ပြည်သူ့ဆေးရုံ၌ ကျင်းပခဲ့သည်။