Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ရတနာပုံတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ (အမျိုးသား၊အမျိုးသမီး) ရေကူးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Feb 05,2026
အမရပူရမြို့နယ်၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ရတနာပုံတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ (အမျိုးသား၊အမျိုးသမီး) ရေကူးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ဖေဖော်ဝါရီ ၅ ရက် နံနက် ၉ နာရီက ချမ်းမြသာစည်မြို့နယ်၊ မန္တလာသီရိအားကစားကွင်းရှိ My Pool ရေကူးကန်တွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
သံဖြူဇရပ်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းအဖြစ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသ
Feb 05,2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးစေရေး အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်/ပြသခြင်းကို ဖေဖော်ဝါရီလ ၄ ရက်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံမြို့၌ မီးခိုးမြူငွေ့အန္တရာယ်လျှော့ချရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Feb 05,2026
ကရင်ပြည်နယ် ဘားအံမြို့၌ တောမီးနှင့်အခြားမီးများကြောင့် လောင်ကျွမ်းမှုအရေအတွက် များနေခြင်းအား လျှော့ချနိုင်ရေးအတွက် ဘားအံမြို့နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ သစ်တောဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ မီးခိုးမြူငွေ့အန္တရာယ်လျှော့ချရေး စုပေါင်းအားဖြင့်ဆောင်ရွက်စို့ ခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောပွဲကို ဘားအံမြို့နယ်၊ ဇာသပြင်စံပြကျေးရွာ (အရှေ့) ဘုန်းကြီးကျောင်း၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်မြို့ပေါ် မြို့မိ၊ မြို့ဖများနှင့်တွေ့ဆုံ
Feb 05,2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့ညနေပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်အတူ ပုသိမ်မြို့၊ ရွှေပုသိမ်ဧည့်ရိပ်သာတွင် မြို့မိ၊ မြို့ဖများနှင့် တွေ့ဆုံခဲ့ပြီး ဒေသဖွံ့ဖြိုးရေးအတွက် ဆွေးနွေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်ကျွန်းမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး
Feb 05,2026
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် ပူပြင်းခြောက်သွေ့သော ရာသီရောက်ရှိလာပြီးဖြစ်၍ မြို့နယ်မီးသတ်ဦးစီးဌာနဦးစီးမှူး ဦးဆောင်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဓာတ်ဆီဆိုင်များတွင် ကွင်းဆင်းစစ်ဆေးခြင်းများကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
မဟာအောင်မြေမြို့နယ်၌ ပြည်ထောင်စုနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ ကျင်းပ
Feb 05,2026
မဟာအောင်မြေမြို့နယ် အမှတ် (၄) အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းလှမြို့နယ်တွင် အသက် ၅ နှစ်အောက်ကလေးများအား ပိုလီယိုကာကွယ်ဆေး ဆက်လက်တိုက်ကျွေး
Feb 05,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အသက် ၅ နှစ်အောက်ကလေးများအား ပိုလီယိုကာကွယ်ဆေးကို မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆက်လက်တိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကရင်ပြည်နယ်အတွင်း (၄) ခန်းတွဲ (၅) ထပ် ဝန်ထမ်းအိမ်ရာ အဆောက်အဦ (၂) လုံး ဖွင့်လှစ်
Feb 05,2026
(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများနေထိုင်မှုဘဝအဆင်ပြေစေရေးအတွက် ဖေဖော်ဝါရီ ၅ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့၊ တောင်ကလေးစုပေါင်းဝန်ထမ်းအိမ်ရာစခန်းတွင် (၄) ခန်းတွဲ (၅) ထပ် ဝန်ထမ်းအိမ်ရာအဆောက်အဦနှစ်လုံးဖွင့်ပွဲကို ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
151
Page
152
Page
153
Page
154
Current page
155
Page
156
Page
157
Page
158
Page
159
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department