Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မအူပင်မြို့၌ (၄၉) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာသုဓမ္မာပရိယတ္တိဝိယာဓိကစာမေးပွဲကျင်းပ
Feb 10,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် (၄၉)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ သုဓမ္မာပရိယတ္တိဝိနယာဓိက စာမေးပွဲကြီးအား ယနေ့မွန်းလွဲ (၁) နာရီက အမှတ် (၄) ရပ်ကွက် မြို့လယ်ကျောင်းတိုက်ရှိ မဟာအတုလသကျသီဟချမ်းသာကြီးဘုရား တန်ဆောင်းတော်ကြီးအတွင်း ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး သစ္စာမဂ္ဂင်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်
Feb 10,2026
မြဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခြင်းကို သစ္စာမဂ္ဂင်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ယမန်နေ့ နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပူတာအိုမြို့နယ် ဒါဂိုရှီဇားကျေးရွာ၌ သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်
Feb 10,2026
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကချင်ပြည်နယ်၊ ပူတာအိုခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကကြီးမှူး၍ ဒေသထွက်သီးနှံများဖြစ်သည့် ဂရိတ်ဖရုသီး၊ ကျောက်ဖရုံသီး၊ သင်္ဘောသီး၊ ဘုရင်သီး၊ နာနတ်သီးစသည်တို့အား ကျန်းမာရေးနှင့်ညီညွတ်သော တန်ဖိုးမြှင့်စားသောက်ကုန်များထွက်ပေါ်လာစေရန်၊ သွင်းကုန်အစားထိုးတန်ဖိုးမြှင့် စားသောက်ကုန်များ ထုတ်လုပ်လာနိုင်ခြင်းဖြင့် ပြည်ပမှဝယ်ယူရသော စားသောက်ကုန်များ တင်သွင်းမှုလျော့ချနိုင်လာစေရန်၊ တန်ဖိုးမြှင့်စားသောက်ကုန်များ ထုတ်လုပ်သည့် နည်းပညာများ ပြန့်ပွားခြင်းဖြင့် စိုက်ပျိုးတောင်သူနှင့် စားသောက်ကုန်လုပ်ငန်းရှင်များ ဝင်ငွေတိုးပွား၍အလုပ် အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်စေရန်၊ သင်တန်းဆင်းများ ထုတ်လုပ်သည့် တန်ဖိုးမြှင့်အစားအစာများ စနစ်တကျဓာတ်ခွဲစမ်းသပ်၍ လုံခြုံစိတ်ချစွာ စားသောက်နိုင်ရေးနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် မှတ်ပုံတင်ခြင်းဖြင့် အသေးစားစက်မှုလုပ်ငန်းရှင်များ တိုးပွား၍ နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးမှုကို အထောက်အကူပြုလာစေရန်အတွက် သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ (၉) ရက် နံနက်(၁၀)နာရီက ပူတာအိုမြို့နယ် ဒါဂိုရှီဇားကျေးရွာ ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မိုးညှင်းတက္ကသိုလ်၌ စတုတ္ထအကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ဘွဲ့ရမောင်မယ် (၁၃၀၉)ဦးအား ဘွဲ့လက်မှတ်များအပ်နှင်းနိုင်
Feb 10,2026
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်တွင် စတုတ္ထအကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို ဖေဖော်ဝါရီ(၄)ရက်မှ (၁၀)ရက်အထိ ခုနှစ်ရက်ကြာ တက္ကသိုလ်ရတနာခန်းမ၌ ကျင်းပရာ ဘွဲ့ရမောင်မယ်စုစုပေါင်း (၁၃၀၉)ဦးအား ဘွဲ့လက်မှတ်များ အပ်နှင်းနိုင်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်း သူနာပြု-သားဖွားဒီပလိုသင်တန်းကျောင်း မောင်/မယ်သစ်လွင်ကြိုဆိုပွဲတက်ရောက်
Feb 10,2026
ကျန်းမာရေးဝန်ကြီးဌာန၊ လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြု-သားဖွားသင်တန်းကျောင်း၊ မြစ်ကြီးနား၌ ၂၀၂၆ ပညာသင်နှစ် သူနာပြု-သားဖွားဒီပလိုမာ (၃) နှစ်သင်တန်းနှင့် ဘက်စုံသားဖွား ဒီပလိုမာ (၂)နှစ်သင်တန်းသို့တက်ရောက်ကြမည့် သင်တန်းသား/ သင်တန်းသူများ၏ မောင်/မယ်သစ်လွင်ကြိုဆိုပွဲကို ဖေဖော်ဝါရီလ ၉ ရက်နေ့နံနက်ပိုင်းက အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ငလျင်ဘေးကြောင့် ထိခိုက်ခဲ့သည့် ဝန်ထမ်းအိမ်ရာများ တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေး
Feb 10,2026
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ နေပြည်တော်ကောင်စီ၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဇမ္ဗူသီရိမြို့နယ်တွင် တည်ဆောက်လျက်ရှိသည့် ဝန်ထမ်းအိမ်ရာ အပျိုဆောင် (၂၂၂ ပေ × ၄၄ ပေ) သံကူကွန်ကရစ်အမျိုးအစား နှစ်ထပ်အဆောက်အဦ တည်ဆောက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်ချိန်အတွင်း အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး အလေးထားဆောင်ရွက်ရန်၊ သတ်မှတ်စံချိန်၊ စံညွှန်းနှင့်အညီဆောင်ရွက်ရေး၊ တာဝန်ရှိသူများအနေဖြင့် လိုအပ်သည်များကို အနီးကပ်ကြီးကြပ် ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ငပုတောမြို့နယ် အုပ်ရှစ်ကွင်းကျေးရွာအုပ်စု ချောင်းဝကျေးရွာရှိ မီးဘေးသင့်ပြည်သူများအတွက် ဗုဒ္ဓဆင်းတုတော်များနှင့် စားသောက်ဖွယ်ရာများပေးအပ်
Feb 10,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်(၉)နာရီ အချိန်က အုပ်ရှစ်ကွင်းကျေးရွာအုပ်စု ချောင်းဝကျေးရွာရှိ မေတ္တာသုခကျောင်းတိုက် ဆရာတော်ဥုးသုမနသီရိအား ဖူးမျှော်ကြည်ညိုပြီး အလှူငွေများ ဆက်ကပ်လှူဒါန်းသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဆတ်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဉာဏ်စမ်းပြိုင်ပွဲ ကျင်းပ
Feb 10,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန် ပြိုင်ပွဲများ စဉ်ဆက်မပြတ် ကျင်းပပြုလုပ်ပေးလျက်ရှိရာ ယမန်နေ့ နေ့လယ်ပိုင်းက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဉာဏ်စမ်းပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
111
Page
112
Page
113
Page
114
Current page
115
Page
116
Page
117
Page
118
Page
119
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department