Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ချမ်းမြသာစည်မြို့နယ်၌ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့်နေအိမ်များအား ငွေနှင့် အိမ်ဆောက်ပစ္စည်းများပေးအပ်
Feb 10,2026
မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေခရိုင် ချမ်းမြသာစည်မြို့နယ်၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် လုံးဝပျက်စီးနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးမှု နေအိမ်များအား ပြုပြင်နိုင်ရန် ငွေနှင့် အိမ်ဆောက်ပစ္စည်း(ဘိလပ်မြေ၊ သွပ်၊ သံ၊ သစ်)များ ပေးအပ်ခြင်းကို ဖေဖော်ဝါရီ ၁၀ ရက် နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံမြို့၌ ပုဂ္ဂလိက အခြေခံပညာကျောင်းတည်ထောင်သူနှင့် ကျောင်းစီမံအုပ်သူများအား ဥပဒေ စည်းမျဉ်းစည်းကမ်းများရှင်းလင်းဆွေးနွေးပွဲကျင်းပ
Feb 10,2026
ကရင်ပြည်နယ် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း ကြီးကြပ်ရေးအဖွဲ့မှ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်အတွက် ပုဂ္ဂလိက အခြေခံပညာကျောင်း (အသစ်၊ ယာယီ မှ ပုဂ္ဂလိကကျောင်းမှတ်ပုံတင် သက်တမ်းတိုး) လျှောက်ထားလာသည့် ကျောင်းများ၏ ကျောင်းတည်ထောင်သူနှင့် ကျောင်းစီမံအုပ်ချုပ်သူများအား တွေ့ဆုံရှင်းလင်းခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကရင်ပြည်နယ် ဘားအံမြို့ ပြည်နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မဟာအောင်မြေမြို့နယ်၌ မွေးကင်းစမှ အသက် ၅ နှစ်အောက် ကလေးငယ်များအား ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး
Feb 10,2026
မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက် ဣစ္ဆာသယဘုန်းကြီးကျောင်းနှင့်ဓမ္မပါလဓမ္မာရုံများတွင် အသက် ၅နှစ်အောက်ကလေးများအား ကိုယ်အလေးချိန်ပေးခြင်း Vitamin A ဆေးလုံးတိုက်ကျွေးခြင်းနှင့် အာဟာရမုန့်များ ဖြန့်ဝေပေးခြင်း အသက် ၉ လမှ ၅ နှစ်အောက်ကလေးများအား ပိုလီယိုဆေးတိုက်ကျွေးခြင်းများကို ဖေဖော်ဝါရီ ၉ ရက်က မဟာအောင်မြေမြို့နယ် ရပ်ကွက်များသို့သွားရောက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မဟာအောင်မြေမြို့နယ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် နှစ်ဆုံးစာမေးပွဲအေးချမ်းစွာဆက်လက်ဖြေဆို
Feb 10,2026
မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းသား/ကျောင်းသူများ ကျောင်းတွင်းစစ်နှစ်ဆုံးစာမေးပွဲ(ဆဋ္ဌမနေ့) ကို အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြော
Feb 10,2026
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် လိပ်သိုမြို့တွင်စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် လိပ်သိုမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၉ ရက်က စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မြင်းခြံမြို့၌ (၄၄) ကြိမ်မြောက် မြို့နယ်လုံးကျွတ်သံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ
Feb 10,2026
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ ဆန္ဒတော်ပြည့်ဘုရားဝန်းအတွင်း၌ (၄၄)ကြိမ်မြောက် မြို့နယ်လုံးကျွတ်သံဃာ့ဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဖေဖော်ဝါရီ ၉ ရက်က လောင်းလှူခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘုတ်ပြင်းမြို့ မြို့မဈေးကြီး မီးဘေးကြိုတင်ကာကွယ်ရေးသရုပ်ပြ ဇာတ်တိုက်လေ့ကျင့်
Feb 10,2026
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့မဈေးကြီးတွင် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ပူပေါင်း၍ ယနေ့နံနက်က အောင်မင်္ဂလာရပ်ကွက်ရှိ မြို့မဈေးကြီးတွင် ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မြိတ်တက္ကသိုလ်တွင် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဈေးရောင်းပွဲတော်နှင့် တိုင်းရင်းသားရိုးရာပဒေသာကပွဲ ကျင်းပ
Feb 10,2026
(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဈေးရောင်းပွဲတော်နှင့် တိုင်းရင်းသားရိုးရာပဒေသာကပွဲကို တနင်္သာရီတိုင်းဒေသကြီး မြိတ်တက္ကသိုလ်တွင် ဖေဖော်ဝါရီ ၉ ရက် နံနက်ပိုင်းက စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပြီး ဈေးရောင်းပွဲတော်ကို တက္ကသိုလ်ရင်ပြင်တွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
109
Page
110
Page
111
Page
112
Current page
113
Page
114
Page
115
Page
116
Page
117
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department