အမြို့မြို့အနယ်နယ်သတင်းများ

Feb 10,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံပညာရေးဒီဂရီကောလိပ်၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်(အကြို) မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယမန်နေ့က ကျင်းပခဲ့သည်။
Feb 10,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများသည် မြို့နယ်အတွင်းရှိ ဆေးထိုးနှံစုရပ်များတွင် ယနေ့နံနက်ပိုင်းအချိန်က ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ကြသည်။
Feb 10,2026
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဂေါ့ကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ်(သထုံ)တွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၏ စုပေါင်းဈေးရောင်းပွဲတော်ကို ယမန်နေ့နံနက်က ကျင်းပပြုလုပ်ခဲ့ကြသည်။
Feb 10,2026
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှကြီးမှူးကျင်းပသည့် မြို့နယ်အုပ်ချုပ်‌ရေးမှူးဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲကို အရှေ့ရပ်ကွက်ရှိ အားကစားကွင်း၌ ဖေဖော်ဝါရီ(၉)ရက်နံနက် (၈) နာရီခွဲတွင် ကျင်းပသည်။
Feb 10,2026
‎စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၌ ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့် ကြိုတင်ကာကွယ်မှု အစီအမံတစ်ရပ်အနေဖြင့် ရွှေဘိုခရိုင်မီးသတ်ဦးစီးမှူး ဦး‌အေးမြင့် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီလ ၉ ရက်နေ့နံနက်ပိုင်းက ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 10,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်စေရန် ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခဲ့ကြောင်း သိရသည်။
Feb 10,2026
ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့ပေါ်ရပ်ကွက်များမှ မော်တော်ဆိုင်ကယ်အရောင်းဆိုင်များအနေဖြင့် တရားမဝင် အကောက်ခွန်မဲ့မော်တော် ဆိုင်ကယ်များ တင်သွင်းရောင်းချခြင်းရှိ/မရှိစစ်ဆေးခြင်းကို ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဖေဖော်ဝါရီလ ၉ ရက် နံနက် ၉ နာရီက မော်တော်ဆိုင်ကယ်အရောင်းဆိုင်များသို့ သွားရောက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။