ငပုတောမြို့နယ် အုပ်ရှစ်ကွင်းကျေးရွာအုပ်စု ချောင်းဝကျေးရွာရှိ မီးဘေးသင့်ပြည်သူများအတွက် ဗုဒ္ဓဆင်းတုတော်များနှင့် စားသောက်ဖွယ်ရာများပေးအပ်

ငပုတော ဖေဖော်ဝါရီ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်(၉)နာရီ အချိန်က အုပ်ရှစ်ကွင်းကျေးရွာအုပ်စု ချောင်းဝကျေးရွာရှိ  မေတ္တာသုခကျောင်းတိုက် ဆရာတော်ဥုးသုမနသီရိအား ဖူးမျှော်ကြည်ညိုပြီး အလှူငွေများ ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦးသည်မေတ္တာသုခ ကျောင်းတိုက်ဓမ္မာရုံအတွင်း မီးဘေးသင့်ပြည်သူများအားတွေ့ဆုံပြီး အားပေးစကားများ ပြောကြားကာ မီးဘေးသင့်ပြည်သူများ ပူဇော်ကိုးကွယ်ရန်အတွက် ပန်းပေါင်းစုံဗုဒ္ဓဆင်းတုတော်များနှင့် စားသောက်ဖွယ်ရာများကို ပေးအပ်ခဲ့ပြီးယာယီတဲများ ဆောက်လုပ်ပြီးစီးမှုအခြေအနေနှင့် ယာယီတဲအတွင်း မီးဘေးသင့်ပြည်သူများ နေထိုင်နေမှုအခြေအနေအား လှည့်လည်ကြည့်ရှုအားပေးကာ ကလေးငယ်များအားမုန့်များ ပေးဝေခဲ့ကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)