အမြို့မြို့အနယ်နယ်သတင်းများ

Feb 11,2026
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ နွေရာသီနှင့် မိုးဦးကျရာသီများ၌ အများဆုံးဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်မှ လေပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ကျောက်တန်းကျေးရွာနှင့် ရွာသာကျေးရွာအား ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Feb 11,2026
(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ရေတာရှည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပေါက်ချောင်းကျေးရွာအတွင်း ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Feb 11,2026
ကျိုင်းတုံတက္ကသိုလ်၌ ဆဋ္ဌမအကြိမ် ဘာသာရပ်ပေါင်းစုံ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီ ၉ ရက် နံနက် ၉ နာရီက ကျင်းပသည်။
Feb 11,2026
ပြည်ထောင်စုဖွားတိုင်းရင်းသားများ အချင်းချင်းချစ်ကြည်ရင်းနှီးမှုများပိုမိုရရှိပြီး၊ ပြည်ထောင်စုစိတ်ဓာတ်များ အမြဲရှင်သန်နိုးကြားစေရန်ရည်ရွယ်၍ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တက္ကသိုလ်များ ဆောင်းပါးပြိုင်ပွဲကို တောင်ကြီးတက္ကသိုလ်သင်ကြားရေးခန်းမ၌ ယမန်နေ့ မွန်းလွဲ(၁)အချိန်က ကျင်းပြုလုပ်ကြောင်း သိရသည်။
Feb 11,2026
၂၀၂၆ ခုနှစ် နေပြည်တော်အဆင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၉ ရက်နေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ အစည်းအဝေးသို့ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီအတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများမှ တာဝန်ရှိသူများနှင့် နေပြည်တော်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
Feb 11,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းခန်းမ၌ မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်‌နေ့ နံနက် (၉) နာရီ (၃၀)မိနစ်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 11,2026
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို အ.ထ.ကပေါက်ခေါင်း၌ ဖေဖော်ဝါရီ ၉ ရက်နေ့ နေ့လယ်(၁)နာရီ အချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 11,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်ရှိ ခရိုင်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နီနီထွန်းနှင့်အဖွဲ့များ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးတို့ပူးပေါင်း၍ ၂၀၂၆ ခုနှစ်၊ ယမန်နေ့ နေ့လယ် (၂)နာရီက မြို့လယ်ဓမ္မရုံ၌ အာဟာရနှင့်ကျန်းမာရေးဆိုင်ရာ အမူအကျင့်ပြောင်းလဲရေးအသိ ပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။