ဘားအံမြို့၌ ပုဂ္ဂလိက အခြေခံပညာကျောင်းတည်ထောင်သူနှင့် ကျောင်းစီမံအုပ်သူများအား ဥပဒေ စည်းမျဉ်းစည်းကမ်းများရှင်းလင်းဆွေးနွေးပွဲကျင်းပ

ဘားအံ ဖေဖော်ဝါရီ ၁၀

ကရင်ပြည်နယ် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း ကြီးကြပ်ရေးအဖွဲ့မှ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်အတွက် ပုဂ္ဂလိက အခြေခံပညာကျောင်း (အသစ်၊ ယာယီ မှ ပုဂ္ဂလိကကျောင်းမှတ်ပုံတင် သက်တမ်းတိုး) လျှောက်ထားလာသည့် ကျောင်းများ၏ ကျောင်းတည်ထောင်သူနှင့် ကျောင်းစီမံအုပ်ချုပ်သူများအား တွေ့ဆုံရှင်းလင်းခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကရင်ပြည်နယ် ဘားအံမြို့ ပြည်နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါကျောင်းစီမံအုပ်ချုပ်သူများအား တွေ့ဆုံရှင်းလင်းခြင်းအစည်းအဝေးကို ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်က ကိုယ်ပိုင်(သို့မဟုတ်)ပုဂ္ဂလိက ကျောင်းများအနေဖြင့် ပညာရေးဝန်ကြီးဌာနမှပြဋ္ဌာန်းထားသော ဥပဒေစည်းမျဉ်းစည်းကမ်းများအား လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်းပြောကြားသည်။

ယင်းနောက် ပြည်နယ်ပညာရေးမှူး ဦးစသိန်းကျော်က ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်အတွက်အမျိုးသားသင်ရိုးညွှန်းတမ်းဖြင့်သင်ကြားမည့် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကအခြေခံပညာကျောင်း (အသစ်၊ ယာယီမှ ပုဂ္ဂလိကကျောင်းမှတ်ပုံတင်သက်တမ်းတိုး) လျှောက်ထားခြင်းဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက်ကရင်ပြည်နယ်အတွင်းရေးမှူးနှင့် ကရင်ပြည်နယ် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းကြီးကြပ်ရေးအဖွဲ့ဝင်များမှ မိမိတို့ဆွေးနွေးရန် အချက်များအား ရှင်းလင်းဆွေးနွေးပြီး ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း တည်ထောင်သူနှင့် ကျောင်းစီမံအုပ်ချုပ်သူများမှ ပြန်လည်ရှင်းလင်းဆွေးနွေးရာ ပြည်နယ်လူမှုရေးရာဝန်ကြီးက လိုအပ်သည်များအား ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်းသိရသည်။

ပြည်နယ် (ပြန်/ဆက်)