ကချင်ပြည်နယ်

ချီဖွေမြို့နယ်တွင် လူငယ်စကားဝိုင်း ကျင်းပ

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် အခြေခံ ပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များ အသိပညာဗဟုသုတများ ရရှိစေရေး၊ ဉာဏ်ပညာမြင့်မား ရေး၊ ကိုယ်ရည်ကိုယ်သွေးမြင့်မားရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လူငယ်စကားဝိုင်းကို စက်တင်ဘာလ(၉)ရက်နေ့ နံနက်(၉)နာရီခွဲတွင် ချီဖွေမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မော်တော်ယာဉ်ရပ်နားရန်နေရာ အဆောက်အဦသစ်အား ဖွင့်လှစ်၊ ရှာဖွေကယ်ဆယ်ရေး သင်တန်းဖွင့်ပွဲနှင့် ကချင်ပြည်နယ် ကုန်ဈေးနှုန်းတည်ငြိမ်ရေး၊ ကုန်စည်ဒိုင် ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ကချင်ပြည်နယ် မီးသတ်ဦးစီးဌာန၌ ပိုမိုတိုးတက် များပြားလာသည့် ခေတ်မီမီးငြှိမ်းသတ်ယာဉ်များနှင့် ရှာဖွေကယ်ဆယ်ရေးယာဉ်များ စနစ်တကျ အသုံးပြုထိန်းသိမ်းနိုင်ရေးအတွက် မီးသတ်ဦးစီး ဌာနရုံးဝင်းအတွင်း ပြည်နယ်ရန်ပုံငွေဖြင့် တည်ဆောက်ပေးခဲ့သော မော်တော်ယာဉ်များ ရပ်နားရန် နေရာ အဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၈) နာရီက အဆိုပါ ဦးစီးဌာနရုံး အဆောက်အဦသစ်ရှေ့၌ ကျင်းပပြုလုပ်သည်။

မြစ်ကြီးနားမြို့၌ မျောက်ကျောက်ရောဂါ (Mpox) အကြောင်း အသိပညာပေး ဆွေးနွေးပွဲကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မနောရွှေပြည်ခန်းမ၌ မျောက်ကျောက်ရောဂါ (Mpox) အကြောင်း အသိပညာပွဲဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတိုးတိုးထွန်းက အဖွင့်အမှာစကား ပြောကြားသည်။

မြစ်ကြီးနားမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အမှတ်(၁) နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပရာ ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထက်က အဖွင့်အမှာစကား ပြောကြားသည်။

ကချင်ပြည်နယ် e-Government ဦးဆောင်ကော်မတီက ကြီးမှူးဖွင့်လှစ်သော e-Government ဆိုင်ရာ အထောက်အကူပြု ကွန်ပျူတာအခြေခံသင်တန်းနှင့် အဆင့်မြင့်သင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲကျင်းပ

ကချင်ပြည်နယ် e-Government ဦးဆောင်ကော်မတီက ကြီးမှူးဖွင့်လှစ်သော e-Govern-ment ဆိုင်ရာ အထောက်အကူပြု ကွန်ပျူတာအခြေခံသင်တန်း (၁/၂၀၂၄)နှင့် အဆင့်မြင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရ အဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် YFT မိုးရာသီအလွတ်တန်းကလပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်

ကချင်ပြည်နယ်အတွင်း ဖူဆယ်အားကစားတိုးတက်မြင့်မားရေး၊ မျိုးဆက်သစ်လူငယ်အားကစားသမားများ ပေါ်ထွန်းလာ‌ရေးအတွက် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်ဘောလုံးအဖွဲ့ချုပ်၊ ပြည်နယ်ဖူဆယ်ဆပ်ကော်မတီနှင့် YFT ဖူဆယ်ဘောလုံးကလပ်တို့ ပူးပေါင်းကျင်းပသည့် YFT မိုးရာသီအလွတ်တန်း ကလပ်ပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို မြစ်ကြီးနားမြို့ သီတာရပ်ကွက် ငြိမ်းချမ်းသာယာအားကစားရပ်ဝန်း အတွင်းရှိ ငြိမ်းချမ်းသာယာဖူဆယ်အားကစားရုံ၌ ကျင်းပပြုလုပ်သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြို့သန့်ရှင်းသာယာလှပရေးအတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေဖြင့် ဝယ်ယူဖြည့်တင်းပေးခဲ့သော အမှိုက်သိမ်းယာဉ်များအား မြို့ပေါ်ရပ်ကွက်များသို့ လွှဲပြောင်းပေးအပ်

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်သော လုပ်ငန်းစဉ်တစ်ရပ်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ပြည်နယ်ရန်ပုံငွေဖြင့် ဝယ်ယူဖြည့်တင်းပေးခဲ့သော အမှိုက်သိမ်းယာဉ်များအား မြို့ပေါ်ရပ်ကွက်များသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို စက်တင်ဘာ ၉ ရက် နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ကချင်ပြည်နယ်အတွင်း ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ

ကချင်ပြည်နယ်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင် တိုင်းရင်းသားဘာသာစကားဆိုင်ရာ အကူအညီပေးနိုင်ရေး အခြေခံ ပညာဦးစီးဌာနနှင့် ပြည်နယ်အတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စု တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားသို့ တက်ရောက်၊ YFT ကလပ်ပေါင်းစုံ မိုးရာသီအလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် အမျိုးသားအားကစားပွဲတော်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေး

“အပြန်အလှန်နားလည်မှုနှင့် ငြိမ်းချမ်းရေးအတွက် စာတတ်မြောက်ရန် လိုအပ်လို့ ဘာသာစကားစုံ ပညာရေးကို မြှင့်တင်ကြပါစို့” ဆောင်ပုဒ်ဖြင့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၈ ရက်နေ့တွင် ကျရောက်သည့် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ ၉ နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ အခြေခံပညာလေ့ကျင့်ရေး အလယ်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူလေးများက “ဝ.ထ.က.လ.သ” သီချင်းဖြင့် ဂုဏ်ပြုသီဆို ဖွင့်လှစ်ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအားကြည့်ရှု၊ တောင်သူအသိပညာပေး မြေသြဇာစုပေါင်းကြဲပက်ခြင်း ကွင်းသရုပ်ပြ အခမ်းအနားနှင့် တောင်သူများအား ကြိုးပမ်းအားထုတ်မှုအကောင်းဆုံးဆုများ ဂုဏ်ပြုချီးမြှင့်

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ မြို့/ရွာများ သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ်စနေနေ့တိုင်း ဘုရား၊ ကျောင်း၊ ကန်၊ စေတီပုထိုးများတွင် အုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ဒေသခံများစုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက် ၇ နာရီခွဲက မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။
Subscribe to ကချင်ပြည်နယ်