ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရဲဝင်း ဦးစီး၍ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ သတင်းရဲတပ်ဖွဲ့စု(ဗန်းမော်)၊အမှတ်(၁)ရဲတပ်ဖွဲ့စု(ဗန်းမော်)၊ အမှတ်(၁၀၀)ယဉ်ထိန်းရဲတပ်ဖွဲ့စု(ဗန်းမော်)၊ အမှတ်(၁)မူးယစ်ဆေးဝါးတာဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (ဗန်းမော်)၊ အမှတ်(၂)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ်(ဗန်းမော်)နှင့် လေကြောင်း ရဲတပ်ဖွဲ့ (ဗန်းမော်)တို့မှ စုစုပေါင်း (၁၁၀) ဦးတို့သည် ယမန်နေ့နံနက် ၇ နာရီတွင် ဗန်းမော်မြို့၊ သာစည်ရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။