ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းပေါင်းစုံ (အမျိုးသား/ အမျိုးသမီး) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အားပေး
ကချင်ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် အခြေခံပညာဦးစီးဌာနက ဦးဆောင်ကျင်းပသော ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းပေါင်းစုံ (အမျိုးသား/ အမျိုးသမီး) ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၅ ရက် ညနေ ၃ နာရီကက ပြည်နယ်ပြည်သူ့ အားကစား ကွင်းအတွင်းရှိ ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူများတက်ရောက်အားပေးခဲ့ကြသည်။