မြစ်ကြီးနားမြို့၌ မျောက်ကျောက်ရောဂါ (Mpox) အကြောင်း အသိပညာပေး ဆွေးနွေးပွဲကျင်းပ

မြစ်ကြီနား စက်တင်ဘာ ၁၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မနောရွှေပြည်ခန်းမ၌ မျောက်ကျောက်ရောဂါ (Mpox) အကြောင်း အသိပညာပွဲဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတိုးတိုးထွန်းက အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဖြူဖြူသန့်က ကမ္ဘာတစ်ဝှမ်းနှင့် မြန်မာနိုင်ငံအနီးရှိ အချို့နိုင်ငံများတွင် မျောက်ကျောက်ရောဂါ ဖြစ်ပွား/သေဆုံးမှုအခြေအနေများ၊ ရောဂါလက္ခဏာများ၊ ရောဂါကူးစက်နိုင်သည့် နည်းလမ်းများ၊ ကာကွယ်နိုင်သည့် နည်းလမ်းများနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းစဉ်များ ပြည်နယ်အတွင်း ပြင်ဆင်‌ဆောင်ရွက်ထားရှိမှု အခြေအနေများအား အသိပညာပေး‌ ဟောပြောပြီး တက်ရောက်လာသူများက သိရှိလိုသည်များအား မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်း ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)