ကချင်ပြည်နယ်

မိုးကောင်းမြို့ (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမ၌ စာရေးဆရာ အောင်သင်းရေးသား သည့် ကျောင်းသားလူငယ်တွေနှင့် အခြားဆောင်းပါးစာအုပ်ဖြင့် ယမန်နေ့ ညနေ(၃)နာရီတွင် Book Club အသင်းဝင်များ စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။

မိုးညှင်းမြို့၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံမော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်းသင်တန်း (အခမဲ့)ဖွင့်လှစ်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံ မော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်းသင်တန်းကို နန့်ပုတ်ကျေးရွာတွင် ဇွန်လ (၁)ရက်မှ (၃၀)ရက်ထိ တစ်လကြာ အခမဲ့ဖွင့်လှစ်လျက်ရှိကြောင်း သိရ သည်။

(၃၂)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ဝူရှူးအားကစားပြိုင်ပွဲ၌ မြန်မာနိုင်ငံကိုယ်စားပြု ရွှေကူမြို့ ဂုဏ်ဆောင် တတိယရရှိသူအား ဂုဏ်ပြုကြိုဆို

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲ၌ မြန်မာနိုင်ငံကိုယ်စားပြု ဝူရှူးအားကစား ပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သော ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် ဂုဏ်ဆောင် အားကစားသမား မောင်နေဝင်းထွဋ်အား ကြိုဆိုဂုဏ်ပြုပွဲကို ယနေ့ နံနက် ၁၁ နာရီခွဲခန့်က မြို့တော်ခန်းမ၌ ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။

လွယ်ဂျယ်မြို့၊ ကျေးလက်ကျန်းမာရေးဌာနတွင် ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ ပုံမှန်ဆောင်ရွက်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့ ကျေးလက်ကျန်းမာရေးဌာနတွင် အသက်အရွယ် အပိုင်းအခြားအလိုက် ပုံမှန်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို ဇွန်လ ၇ ရက်နေ့မှစ၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခေါင်လန်ဖူးမြို့ ဘန်နီမူကြိုကျောင်း ကလေးများအား အာဟာရတိုက်ကျွေး

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့ ဘန်နီမူကြိုကျောင်းတွင် ပညာသင်ကြားနေသော ကလေးများအား မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အာဟာရ တိုက်ကျွေးခြင်းကို ဇွန်(၆)ရက် နေ့လယ်(၁၁)နာရီခွဲက အဆိုပါ ဘန်နီမူကြိုကျောင်း၌ အာဟာရကြက်သား ဆန်ပြုတ်တိုက်ကျွေးခဲ့ကြောင်း သိရသည်။

မချမ်းဘော၌ လျှပ်စီးလက်ခြင်းမိုးကြိုးပစ်ခြင်း အန္တရာယ်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြသ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ၊ မချမ်းဘောမြို့၌ ပြည်သူများ၊ ကျောင်းသူကျောင်းသားများ  လျှပ်စီးလက်ခြင်း မိုးကြိုးပစ်ခြင်းအန္တရာယ် ကာကွယ်ရေးအသိပညာ ဗဟုသုတများရရှိစေရန်ရည်ရွယ်၍ လျှပ်စီးလက်ခြင်း မိုးကြိုးပစ်ခြင်း အန္တရာယ်ကာကွယ်ရေးဆိုင်ရာအသိပညာပေးနံရံကပ်စာစောင်ကို ယနေ့နံနက် ၈နာရီကမချမ်းဘောမြို့ နယ်ပြည်သူ့စာကြည့်တိုက်ရှေ့ မြေစိုက်နံရံကပ်ပြဘုတ်၌ ပြသခဲ့ကြောင်းသိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ကျောက်မျက်ရတနာရောင်းဝယ်ရေးစင်တာ (မြစ်ကြီးနားမြို့)ရှိ ပယင်းအချောထည်ဆိုင်ခန်းများ စနစ်တကျ ရောင်းချနိုင်ရေးနှင့် ကျောက်မျက် အချောထည်များ ဈေးကွက်ဖော်ဆောင်နိုင်ရေး သွားရောက်ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ စက်မှုဇုံရပ်ကွက်အတွင်းရှိ ကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်း (မြစ်ကြီးနား)ပိုင် ဧရိယာအတွင်း တည်ဆောက်ဖွင့်လှစ်ထားရှိသည့် ကျောက်စိမ်း၊ ကျောက်မျက်နှင့် ကျောက်မျက်ရတနာရောင်းဝယ်ရေးစင်တာ၌ ဖွင့်လှစ်ရောင်းချလျက်ရှိသည့် ပယင်း အချောထည်ဆိုင်ခန်းများကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့နံနက် ၉ နာရီက သွားရောက် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ကချင်ပြည်နယ်အတွင်း ၂၀၂၃-၂၀၂၄ ခုနှစ်၊ ဧပြီလမှ ဇွန်လ ၅ ရက်နေ့အထိ IDPs စခန်း (၄)ခု၊ ပိတ်သိမ်းနိုင်ခဲ့ပြီး အိမ်ထောင်စု (၇၁၂)စု၊ လူဦးရေ ၃၈၃၈ ဦးတို့အား ရွှေ့ပြောင်းနေရာချထား ပေးနိုင်ခဲ့၊ နေရပ်ကျေးရွာများသို့ ပြန်လည်ရွှေ့ပြောင်းနေထိုင်ကြမည့် အိမ်‌ထောင်စုများအားထ

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာစခန်းနေ ပြည်သူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းနိုင်ရေးအတွက် အဖွဲ့အစည်းအသီး သီးနှင့် ပူးပေါင်းချိတ်ဆက်၍ ကြိုးပမ်း‌ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ခုနှစ်၊ ဧပြီလမှ ဇွန်လ ၅ ရက်နေ့အထိ ပြည်နယ်အတွင်းရှိ IDPs စခန်း (၄)ခုပိတ်သိမ်းနိုင်ခဲ့ပြီး အိမ်ထောင်စု (၇၁၂)စု၊ လူဦးရေ ၃၈၃၈ ဦးတို့အား ရွှေ့ပြောင်းနေရာချထားပေးနိုင်ခဲ့ကြောင်း ယနေ့နံနက် ၁၀ နာရီက ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ကျင်းပပြုလုပ်သည့် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထား ရေးနှင့်ယာယီ ခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ ပြည်နယ်အဆင့် ကော်မတီအဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှ သိရှိရသည်။

ဝိုင်းမော်မြို့နယ်၌ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသင်တန်းကျောင်းတွင် ပညာသင်ကြားနေမှုအား‌ သက်ဆိုင်တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်း‌မော်မြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းနှင့် တွဲဖက်၍ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသင်တန်း ကျောင်းကို ဇွန်လ (၁) ရက် နံနက်ပိုင်းမှ စတင်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမူကို သက်ဆိုင်ရာ တာဝန်ရှိသူများက ယနေ့ နံနက် ၁၀ နာရီက လှည့်လည်ကြည့်ရှုခဲ့ကြသည်။

မိုးညှင်းမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အပတ်စဉ် စနေနေ့တိုင်း အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်