ခေါင်လန်ဖူးမြို့ ဘန်နီမူကြိုကျောင်း ကလေးများအား အာဟာရတိုက်ကျွေး

ခေါင်လန်ဖူး ဇွန် ၇

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့ ဘန်နီမူကြိုကျောင်းတွင် ပညာသင်ကြားနေသော ကလေးများအား မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အာဟာရ တိုက်ကျွေးခြင်းကို ဇွန်(၆)ရက် နေ့လယ်(၁၁)နာရီခွဲက အဆိုပါ ဘန်နီမူကြိုကျောင်း၌ အာဟာရကြက်သား ဆန်ပြုတ်တိုက်ကျွေးခဲ့ကြောင်း သိရသည်။

ဘန်နီမူကြိုကျောင်းတွင် ကျား(၁၂)ဦး၊ မ(၁၀)ဦး စုစုပေါင်း(၂၂)ဦးတို့ကို ဆရာမလေးဦးဖြင့် သင်ကြားပေးလျက်ရှိပြီး မူကြိုကျောင်းကလေးများ အေးချမ်းပျော်ရွင်စွာ ပညာသင်ကြားလျက်ရှိသည်။ အဆိုပါ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ဦးဆောင်၍ ဘန်နီမူကြိုကျောင်ကလေး များအား လစဉ်တစ်လ လျှင် တစ်ကြိမ်နှုန်းဖြင့် အာဟာရကြက်သားဆန်ပြုတ် တိုက်ကျွေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)