လွယ်ဂျယ်မြို့၊ ကျေးလက်ကျန်းမာရေးဌာနတွင် ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ ပုံမှန်ဆောင်ရွက်

လွယ်ဂျယ် ဇွန် ၇

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့ ကျေးလက်ကျန်းမာရေးဌာနတွင် အသက်အရွယ် အပိုင်းအခြားအလိုက် ပုံမှန်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို ဇွန်လ ၇ ရက်နေ့မှစ၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းသို့ဆောင်ရွက်ရာတွင် (ဘီစီဂျီ) အသည်းရောင်အသားဝါ(ဘီ)၊ (ရိုတာ)ပြင်းထန်ဝမ်းပျက် ဝမ်းလျှော၊ (ပီစီဗီ) ပြင်းထန်အဆုတ်ရောင်၊ ဆုံဆို့−ကြက်ညှာ− မေးခိုင်−အသည်းရောင်အသားဝါ (ဘီ)−ဦးနှောက်အမြှေးရောင်  (ငါးမျိုးစပ်ကာကွယ်ဆေး)၊   ပိုလီယိုကာကွယ်ဆေး၊ ဂျပန်ဦး​နှောက်ရောင်၊ ဝက်သက်ဂျိုက်သိုး၊ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးစသည့် ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို လစဉ်ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လွယ်ဂျယ် (ပြန်/ဆက်)