မိုးကောင်း ဇွန် ၈
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမ၌ စာရေးဆရာ အောင်သင်းရေးသား သည့် ကျောင်းသားလူငယ်တွေနှင့် အခြားဆောင်းပါးစာအုပ်ဖြင့် ယမန်နေ့ ညနေ(၃)နာရီတွင် Book Club အသင်းဝင်များ စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် Book Club အသင်းဝင် မမြသင်းကြည်က ကျောင်းသားလူငယ်တွေ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မခင်ချိုမြင့်က ပညာသင်ကြားမှုဆိုတာ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဖတ်ကြားသည်။ ထို့နောက် တက်ရောက်လာသူများက ပညာဟူသည် ခေတ်တွေပြောင်းလာသည့်အလျောက် သိစရာ၊ တတ်စရာများ ထွန်းထွန်းပေါက်ပေါက် အောင်မြင်အောင် ကြိုးပမ်းကြရေးကဏ္ဍများဖြင့် စာဖတ်ဝိုင်း တွင် အပြန်အလှန်သုံးသပ်ဆွေးနွေးကြသည်။
ဆက်လက်၍ ခင်းကျင်းပြသထားသော စာအုပ်စာစောင်နှင့် အပူဒဏ်ကာကွယ်ခြင်းဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များကိုလည်း စိတ်ဝင်တစားကြည့်ရှု ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)