ကချင်ပြည်နယ်

မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ လက်ကိုင်အိတ် လက်ဆွဲအိတ်ချုပ်နည်းသင်တန်း ဖွင့်လှစ်ပေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိစေရန် ရည်ရွယ်ပြီး လက်ကိုင်အိတ်/ လက်စွဲအိတ်ချုပ်နည်းသင်တန်းကို  ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှစ၍ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ ဆက်ဆံရေးဦးစီးဌာနမှကြီးမှူးဖွင့်လှစ်ပေးခဲ့သည်။

မြစ်ကြီးနားမြို့၌ မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများ ကျင်းပ

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျရောက်သည့် မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများကို အမြို့မြို့အနယ်နယ်၌ ကျင်းပလျက်ရှိရာ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ကချင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းတို့ ပူးပေါင်း၍ မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများကို ယနေ့နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ အမှတ် (၁) မူလတန်းကြိုကျောင်းရှိ စမ်းသီတာခန်းမတွင် ကျင်းပခဲ့သည်။

ချီဖွေမြို့နယ်၌ အသိပညာ‌ပေးဟောပြောပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စားပွဲတင် တင်းနစ်ပြိုင်ပွဲ ကျင်းပ

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအ‌‌ခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အသိပညာ‌ပေးဟောပြောပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စားပွဲတင်တင်းနစ်ပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ (၁၂) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပူတာအိုမြို့၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့်ဆု ချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနကကြီးမှူး၍ ၂၀၂၄-ခုနှစ် (၇၇) နှစ် မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပျော်ပွဲရွင်ပွဲ၊အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီ (၁၂) ရက် နံနက် (၁၁) နာရီက ပူတာအိုခရိုင်ပြည်သူ့အားကစားကွင်း၌ ကျင်းပသည်။

ပူတာအိုမြို့၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံအလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံအလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို ယနေ့နံနက်(၇)နာရီ မိနစ်(၄၀)က ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ ကျင်းပသည်။

ကာမိုင်း၌ (၇၇) နှစ်မြောက် ပြည်‌ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံး၊ ကဗျာရွတ်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သော (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် (၉) နာရီမှ စတင်၍ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။

မြစ်ကြီးနားမြို့၌ လျှပ်စစ်မီးမိန်းခုံ ဝါယာကြိုး အပူလွန်ကဲရာမှ အဆောက်အဦး (၃) လုံး မီးလောင်မှုဖြစ်ပွား

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၊ စံပြလမ်း၊ အိမ်အမှတ် (၉၆) တွင် လျပ်စစ်မီးမိန်းခုံ ဝါယာကြိုးအပူလွန်ကဲရာမှ အနီးရှိထရံသို့ မီးစတင်ကူးစပ်လောင်ကျွမ်းရာမှ လူနေအိမ် အဆောက်အဦး (၃) လုံး မီးလောင်ဆုံးရှုံးမှု ဖေဖော်ဝါရီလ ၁၁ ရက် ညနေ ၅ နာရီခန့်က ဖြစ်ပွားခဲ့သည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင်အခမ်းအနား၊ သဝဏ်လွှာဖတ်ပွဲနှင့် အတူ ကချင်တိုင်းရင်းသားတို့၏ ရိုးရာမနောအကတို့ဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပ

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် နိုင်ငံတော် အလံတင်အခမ်းအနား၊ သဝဏ်လွှာဖတ်ပွဲနှင့် အတူ ကချင်တိုင်းရင်းသားရိုးရာမနောအကတို့ဖြင့် ဖေဖော်ဝါရီ ၁၂ ရက်နေ့က ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်း ရှေ့မြက်ခင်းပြင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။

ဗန်းမော်မြို့တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ကြားပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ရှေ့မြက်ခင်းပြင်၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ကြားပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၇) နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပမ္မတီးရပ်ကွက် ရွှေအိုက်ကွင်းအတွင်း ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှုစစ်ဆေး၊ ခြံစိုက်တောင်သူများ၏ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေး

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ စားရေရိက္ခာဖူလုံရေးအတွက် တောင်သူများအား အားပေးတိုက်တွန်း၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့မွန်းလွဲ ၁ နာရီက ပမ္မတီးရပ်ကွက် ရွှေအိုက်ကွင်းအတွင်း ဘက်စုံစိုက်ပျိုးမွေးမြူရေးလုပ်ကိုင်သူ တောင်သူများထံ လုပ်ငန်းဆောင်ရွက်မှုများကို သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Subscribe to ကချင်ပြည်နယ်