မြစ်ကြီးနား ဖေဖော်ဝါရီ ၁၂
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၊ စံပြလမ်း၊ အိမ်အမှတ် (၉၆) တွင် လျပ်စစ်မီးမိန်းခုံ ဝါယာကြိုးအပူလွန်ကဲရာမှ အနီးရှိထရံသို့ မီးစတင်ကူးစပ်လောင်ကျွမ်းရာမှ လူနေအိမ် အဆောက်အဦး (၃) လုံး မီးလောင်ဆုံးရှုံးမှု ဖေဖော်ဝါရီလ ၁၁ ရက် ညနေ ၅ နာရီခန့်က ဖြစ်ပွားခဲ့သည်။
အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ မြစ်ကြီးနားခရိုင်မီးသတ်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်လင်း ဦးဆောင်၍ သန္ဓေ (၂၅) ဦး၊ အရန်တပ်ဖွဲ့ဝင် (၅) ဦး၊ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ ရေသယ်ယာဉ် (၃) စီး၊ ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြောင်းနှင့် လူနှင့်တိရိစ္ဆာများ ထိခိုက်ဒဏ်ရာရရှိ သေဆုံးမှုမရှိကြောင်း ခရိုင်မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။
မီးလောင်မှုကြောင့် (၁၈×၁၈) ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း (၂) ထပ် လူနေအိမ် (၁) လုံး၊ (၁၈×၂၄) ပေ သွပ်မိုး၊ မြေစိုက် လူနေအိမ် (၁) လုံးနှင့် (၂၇×၂၄) ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း (၂) ထပ် လူနေအိမ် (၁) လုံး စုစုပေါင်း လူနေအိမ် (၃) လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)