ချီဖွေ ဖေဖော်ဝါရီ ၁၃
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အသိပညာပေးဟောပြောပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စားပွဲတင်တင်းနစ်ပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ (၁၂) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာဦး ဦးဂွါဇာလေးက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံနှင့် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်ကို ကျောင်းသား၊ကျောင်းသူများ အစဉ်အောက်မေ့သတိရစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ စာပေဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍ ယခုလိုပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် တင်းနစ်ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ဥက္ကပ်ရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စား စွာပါဝင်ယှဉ်ပြိုင်ခဲ့ကြရာဆုရရှိသည့် ကျောင်းသား၊ကျောင်းသူများကို ဦးစီးအရာရှိ ဦးဂွါဇာလေးကဆုများ အသီးသီးပေးအပ်ခဲ့သည်။
မြိုနယ် (ပြန်/ဆက်)