မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ လက်ကိုင်အိတ် လက်ဆွဲအိတ်ချုပ်နည်းသင်တန်း ဖွင့်လှစ်ပေး

မြစ်ကြီးနား ဖေဖော်ဝါရီ ၁၃

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိစေရန် ရည်ရွယ်ပြီး လက်ကိုင်အိတ်/ လက်စွဲအိတ်ချုပ်နည်းသင်တန်းကို  ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှစ၍ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ ဆက်ဆံရေးဦးစီးဌာနမှကြီးမှူးဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါ သင်တန်းတွင် လက်ကိုင်အိတ် (၅) မျိုး အ​ကြီး/အသေးချုပ်နည်းတို့ကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှ စာ​တွေ့လက်​တွေ့ သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းတွင် အိတ်ချုပ်ပညာကိုစိတ်ဝင်စားသည့် တိုင်းရင်းသူ (၁၅) ဦး တက်ရောက်လျက်ရှိကြောင်းနှင့် လက်ကိုင်အိတ်များကို လက်ရာပေါ်မှုတည်၍ အသေးတစ်လုံးလျှင် (၂၀၀၀၀) ကျပ်၊ လက်ကိုင်အိတ်အကြီးတစ်လုံးလျှင် (၄၅၀၀၀) ကျပ်ခန့် ရောင်းချနိုင်းကြောင်း နည်းပြဆရာမထံမှ သိရသည်။

ယော်ဆောက်(ပြန်/ဆက်)