ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြစ်ကြီးနားမြို့ ကမ်းနားလမ်းတစ်လျှောက် သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ကမ်းနားလမ်းရှိ We Love Myitkyina ဆိုင်းဘုတ်အနီး ကမ်းနားလမ်းတစ်လျှောက် အမှိုက်များကင်းစင်ကာ သန့်ရှင်းသာယာလှပစေရေး ယမန်နေ့ နံနက် ၇ နာရီခွဲက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် စည်ပင်သာယာရေးအဖွဲ့မှ အရာထမ်း/အမှုထမ်းများနှင့် အတူ အမှိုက်များ ကောက်ယူခြင်းလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။