မိုးညှင်းမြို့၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟဲလုံခေတ်မီစံပြကျေးရွာ ဘက်စုံသုံးခန်းမဆောင်ဖွင့်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေ၊ မြစိမ်းရောင် ကျေးရွာစီမံကိန်း (MSY) မှ အတိုးရငွေနှင့် ကျေးရွာပြည်သူမှ ထည့်ဝင်ငွေတို့ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်သည့် သီရိရတနာ ဘက်စုံသုံးခန်းမဆောင်ကို ယမန်နေ့ နံနက် (၁၀)နာရီက ဟဲလုံခေတ်မီစံပြကျေးရွာတွင် စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။