ကချင်ပြည်နယ်

ဗန်းမော်မြို့တွင် (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနား ကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ နေ့အခမ်းအနားကို ယနေ့နံနက်(၈)နာရီခွဲအချိန်က သာစည်ရပ်ကွက်ရှိ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုးညှင်းမြို့၌ (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားနှင့် ရှာဖွေကယ်ဆယ်ရေး သရုပ်ပြသခြင်းများဆောင်ရွက်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ရှာဖွေကယ်ဆယ်ရေး သရုပ်ပြသခြင်းများကို ယနေ့နံနက် (၈)နာရီအချိန်က ခရိုင်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

နောင်မွန်းမြို့၌ ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် အခြေခံရှေးဦးသူနာပြုစုခြင်းသင်တန်း ဖွင့်လှစ်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ် မေလ ၈ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အနေဖြင့် ရှေးဦးသူနာပြုစုခြင်းသင်တန်းကို အခြေခံပညာ အထက်တန်းကျောင်း ထလမ်ရာဇီခန်းမ၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

လူရည်ချွန်လေ့လာရေးအပန်းဖြေစခန်းများမှ ပြန်လည်ရောက်ရှိလာသော လူရည်ချွန် မောင်မယ်များအား ပူတာအိုလေဆိပ်၌ ဂုဏ်ပြုကြိုဆို

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်မှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၏ ထူးချွန်ထက်မြက်သည့် လူရည်ချွန် မောင်မယ် ကျောင်းသားကျောင်းသူများသည် လူရည်ချွန်လေ့လာရေး အပန်း‌ဖြေစခန်းများသို့ လေ့လာရေးခရီး သွားရောက်ခဲ့ကြပြီး ယမန်နေ့ ညနေ(၆)နာရီတွင် ပူတာအိုမြို့သို့ ပြန်လည်ရောက်ရှိလာရာ ပူတာအိုလေဆိပ်၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ကျောင်းသားကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများက ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

ဗန်းမော်မြို့တွင် ရှေးဦးသူနာပြုစုနည်းအခြေခံ( FIRST AID) သင်တန်းအမှတ်စဉ် (၁/၂၀၂၄) ဖွင့်လှစ်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်းရှိ ကျောင်းသားကျောင်းသူလူငယ်များအား နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်စေရန်နှင့် ရှေးဦးသူနာပြုစုနည်း အတတ်ပညာကို လေ့လာတတ်မြောက်စေရန်ရည်ရွယ်၍ ယနေ့နံနက် (၈) နာရီခွဲခန့်က ဗန်းမော်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အောင်တံခွန်ခန်းမ၌ ရှေးဦးသူနာပြုစုနည်းအခြေခံ ( FIRST AID ) သင်တန်းအမှတ်စဉ်(၁/၂၀၂၄)ကို ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

ကချင်ပြည်နယ် သံယဇာတရေးရာဝန်ကြီး သစ်တောဦးစီးဌာန၏ပျိုးပင်များ ပျိုးထောင်ထားရှိမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သံယဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့်တာဝန်ရှိသူများသည် သစ်တောဦးစီးဌာန၏ မြစ်ကြီးနားမြို့နှင့်ဝိုင်းမော်မြို့ မြို့မပျိုးဥယျာဉ်တို့တွင် မိုးရာသီလူထုဖြန့်ပျိုးပင်များနှင့် အထူးပျိုးပင်များ ပျိုးထောင်ထားရှိမှုအခြေအနေများကို မေ ၃ ရက် မွန်းလွဲပိုင်းက လှည့်လည်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဗန်းမော်မြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စုများနှင့် ဝန်ထမ်းများအား တွေ့ဆုံအားပေးထောက်ပံ့

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်း လတ်တလော နယ်မြေမတည်ငြိမ်မှုဖြစ်စဉ်များကြောင့် ဗန်းမော်မြို့နယ်အတွင်းရှိ ဘာသာရေးကျောင်းများသို့ ယာယီတိမ်းရှောင်လာသော အိမ်ထောင်စုများအား မိုးမကျမီ အမိုးအကာအောက် လုံခြုံစွာနေထိုင်စားသောက်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ ယနေ့ နံနက် ၁၁ နာရီက ဗန်းမော်မြို့သို့ လေကြောင်းခရီးဖြင့် ‌ရောက်ရှိခဲ့ကြသည်။

မိုးညှင်းမြို့၌ (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသေားအာဖြင့် ဆွမ်းဆက်ကပ်လှူဒါန်း

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့၌(၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက်(၁၀)နာရီက ခရိုင်မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပသည်။

မိုးညှင်းမြို့နယ်တွင် လေပြင်းတိုက်ခတ်ပြီး မိုးသီးများကြွေကျမှုကြောင့် လူနေအိမ်များနှင့် ဓာတ်တိုင်များ ကျိုးကျပျက်စီးမှုဖြစ်ပွား

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် မေလ(၂)ရက် မွန်းလွဲ(၁)နာရီခန့်က လေပြင်းတိုက်ခတ်ပြီး မိုးသီးများကြွေကျခြင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူနေအိမ်များ၊ သစ်ပင်နှင့်ဓာတ်တိုင်များ ကျိုးကျပျက်စီးခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ် အစိုးရအဖွဲ့၏စီစဉ်မှုဖြင့် လယ်ယာလုပ်ငန်းခွင်သုံး ပရီမီယံဒီဇယ်ဆီများ တပ်မတော်လေယာဉ်ဖြင့် ပူတာအိုသို့တင်ပို့

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် လတ်တလော လမ်းပန်းဆက်သွယ်ရေးအခြေအနေအရ ခရိုင်အတွင်း ရှိတောင်သူလယ်သမားများ မိုးရာသီလယ်ယာလုပ်ငန်းခွင်၀င်ချိန်တွင် စက်သုံးဆီအခက်အခဲ မဖြစ်ပေါ်စေရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် မေ(၁)ရက် မွန်းလွဲ (၁) နာရီခန့်က မန္တလေးလေဆိပ်မှ တစ်ဆင့် ပူတာအိုလေဆိပ်သို့ တပ်မတော်လေယာဉ်ဖြင့် စက်သုံးဒီဇယ်ဆီများ တင်ပို့ရောက်ရှိလာကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်