မြစ်ကြီးနား မေ ၄
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သံယဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့်တာဝန်ရှိသူများသည် သစ်တောဦးစီးဌာန၏ မြစ်ကြီးနားမြို့နှင့်ဝိုင်းမော်မြို့ မြို့မပျိုးဥယျာဉ်တို့တွင် မိုးရာသီလူထုဖြန့်ပျိုးပင်များနှင့် အထူးပျိုးပင်များ ပျိုးထောင်ထားရှိမှုအခြေအနေများကို မေ ၃ ရက် မွန်းလွဲပိုင်းက လှည့်လည်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးဦးတိန့်ဆောင်၊ သစ်တောဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများသည် မြစ်ကြီးနားတက္ကသိုလ်ကျောင်းဝင်းအတွင်း ယခင်နှစ်များ စိုက်ပျိုးခဲ့သည် သစ်ပင် (၂၈၇၆) ပင် ရှင်သန်ကြီးထွားမှုအခြေအနေများကို လည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးက သစ်တောစိုက်ခင်းများ ထူထောင်ခြင်းအာဖြင့် သဘာဝဘေးအန္တရာယ်ကျရောက်မှု နည်းပါးအောင်တားဆီးနိုင်သဖြင့် တောအုပ်ကြီးဖြစ်အောင် စိုက်ပျိုးရန်လိုကြောင်း၊ သစ်ပင်များခုတ်ခြင်းအား တားဆီးရန် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်ရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များအား တာဝန်ရှိသူများကို လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် ဝိုင်းမော်မြို့နယ်၊ နောင်တာလောကျေးရွာ မြို့မပျိုးဥယျာဉ်တွင် ပျိုးပင်းပေါင်း(၁၅၀၀၀)ခန့် ပျိုးထောင်ထားရှိမှုအခြေအနေများကိုလည်းကောင်း၊ မြစ်ကြီးနားမြို့ မြို့မပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်း (၄၀၀၀၀) ကျော် ပျိုးထောင်းထားရှိမှုအခြေအနေများကိုလည်းကောင်း လည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)