မိုးညှင်း မေ ၅
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ရှာဖွေကယ်ဆယ်ရေး သရုပ်ပြသခြင်းများကို ယနေ့နံနက် (၈)နာရီအချိန်က ခရိုင်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်က မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့အနေဖြင့် ပြည်သူလူထုအတွင်း မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးစသည့် ရှည်မှန်းချက် တာဝန်များကို ဦးလည်မသုန် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ရှေးမီးသတ်သမားကြီးများ၏ မျက်မှောက်ခေတ် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းဖြစ်သော မီးသတ်လုပ်ငန်းဆိုင်ရာများကို စွမ်းအားပြည့်တာဝန်ထမ်းဆောင်နေကြသော မီးသတ်တပ်ဖွဲ့ဝင်များအားလုံးကို ဂုဏ်ပြုအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် ခရိုင်မီးသတ်ဦးစီးဌာနမှ ခေတ်မီရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းအမျိုးအစားများကို ခင်းကျင်းပြသထားရာ အခမ်းအနားသို့ တက်ရောက်လာကြသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ မီးသတ်သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။
ထို့နောက် မော်တော်ကားမီးလောင်မှုအား မီးငြိမ်းသတ်ရေးဆောင်ရွက်ခြင်း၊ အထပ်မြင့် နေအိမ်အဆောက်အဦပေါ်မှ လူနာကယ်ဆယ်ခြင်း၊ ပိတ်မိနေသည့် အဆောက်အဦအတွင်း လူနာကယ်ဆယ်ခြင်းလုပ်ငန်များနှင့် လူနာတင်ယာဉ်ဖြင့်သယ်ဆောင်ခြင်း သဏ္ဍာန်တူ သရုပ်ပြသခြင်းများကို ဆက်လက်ဆောင်ရွက်ရာ တက်ရောက်လာကြသူများက စိတ်ပါဝင်စားစွာ အားတက်သရော ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ရွှေမိုးညှင်း