ကချင်ပြည်နယ် အစိုးရအဖွဲ့၏စီစဉ်မှုဖြင့် လယ်ယာလုပ်ငန်းခွင်သုံး ပရီမီယံဒီဇယ်ဆီများ တပ်မတော်လေယာဉ်ဖြင့် ပူတာအိုသို့တင်ပို့

ပူတာအို မေ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် လတ်တလော လမ်းပန်းဆက်သွယ်ရေးအခြေအနေအရ ခရိုင်အတွင်း ရှိတောင်သူလယ်သမားများ မိုးရာသီလယ်ယာလုပ်ငန်းခွင်၀င်ချိန်တွင် စက်သုံးဆီအခက်အခဲ မဖြစ်ပေါ်စေရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် မေ(၁)ရက် မွန်းလွဲ (၁) နာရီခန့်က မန္တလေးလေဆိပ်မှ တစ်ဆင့် ပူတာအိုလေဆိပ်သို့ တပ်မတော်လေယာဉ်ဖြင့် စက်သုံးဒီဇယ်ဆီများ တင်ပို့ရောက်ရှိလာကြောင်း သိရသည်။

ထိုသို့ ဒေသခံတောင်သူလယ်သမားများအတွက် လယ်ယာထွန်ယက်စိုက်ပျိုးချိန်မီအသုံးပြုနိုင်ရေး ပထမအသုတ်အဖြစ် ပူတာအိုလေဆိပ်သို့ ရောက်ရှိလာသည့် ပရီမီယံဒီဇယ်ဆီ ပေပါ (၄၀)၊ ဂါလံ(၂၀၀၀)ကို ပူတာအိုအခြေချ စစ်ဗျူဟာအဖွဲ့ ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်ကျော်ဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဦးသန်းထွေး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သိန်းဆွေညွန့်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်လွင်တို့က နယ်မြေခံတပ်မတော်သားများ၊ ခရိုင်/ မြို့နယ် ထွေ/အုပ်ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဇေယျာမင်းဆီဆိုင်မှ ဝန်ထမ်းများက စုပေါင်း၍ ဆီပေပါများအား အလေအလွင့် ဆုံးရှုံးမှုမရှိစေရေး စနစ်တကျကြီးကြပ်စိစစ်၍ သိုလှောင်ထားမည့်နေရာသို့ သယ်ယူပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)