ကချင်ပြည်နယ်

တနိုင်းမြို့နယ်အဆင့် ကြက်ခြေနီသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်အဆင့် ကြက်ခြေနီ သင်တန်းဖွင့်ပွဲ အခမ်းအနားကို မေ ၂ ရက်နေ့ နံနက် ၉ နာရီက ပုန်ခုန်းရပ်ကွက်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

တနိုင်းမြို့နယ်၏ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ဧပြီလ ၃၀ ရက်နေ့ မွန်းတည့် ၁၂ နာရီက တနိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် စက်မှု၊ စိုက်ပျိုးမွေးမြူရေးအထက်တန်း ကျောင်းဖွင့်လှစ်ပေး၊ ခရိုင်အတွင်းရှိဝန်ထမ်းများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ဘာသာရေးနှင့် လူမှုရေးအသင်းအဖွဲ့များအတွက် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့၊ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်

မြန်မာပြည်မြောက်ဖျားပိုင်း ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ဝမ်းစာဖူလုံရေးနှင့် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေ ဒုတိယနှစ်စက်ဝန်းဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းစီမံကိန်းများ ပိုမိုတိုးချဲ့ ဆောင်ရွက်နိုင်ရေးအတွက် ပူတာအိုမြို့သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်တို့သည် ဧပြီ ၃၀ ရက် နံနက် ပူတာအိုမြို့နယ် အတွင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

ဝိုင်းမော်မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးကာကွယ်ရေး Abate ဆေးခတ်မည့် အစီအစဉ်ညှိနှိုင်းဆွေး‌နွေးပွဲဆောင်ရွက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့အတွင်း သွေးလွန်တုတ်ကွေးကာကွယ်ရေး Abate ဆေးးခပ်မည့်အစီအစဉ်ကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဝိုင်းမော်မြို့နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်း‌မော်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီချိန်က ဝိုင်းမော် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆမားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မြစ်ကြီးနားမြို့၌ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများခွဲစိတ်ပေးခြင်းနှင့် သက်ကြီးဘိုးဘွားများအား သွားတု (အံကပ်) တပ်ဆင်ပေး

ကျန်းမာရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ခုတင် (၅၀၀) ဆံ အထွေထွေရောဂါကုဆေးရုံကြီးရှိ သွားနှင့် ခံတွင်းကုသဆောင်၌ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများ ကို ခွဲစိတ်ပေးခြင်းနှင့် သက်ကြီးဘိုးဘွားများအား သွားတု (အံကပ်) အခမဲ့ တပ်ဆင်ပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက စတင်ဆောင်ရွက်ပေးလျက်ရှိသည်။

မိုးညှင်းခရိုင်၌ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းကောင်းများရရှိစေရန် ယခုဘဏ္ဍာရေးနှစ်တွင် ကာလတိုသင်တန်းများ ဖွင့်လှစ်သွားမည့် အစီအစဉ်များနှင့် ပတ်သက်၍ တာဝန်ရှိသူများထံ တွေ့ဆုံမေးမြန်း

ကချင်ပြည်နယ် မိုးညှင်းခရိုင်အတွင်းရှိ ဒေသခံတိုင်းရင်းသား တိုင်းရင်းသူများ၊ လူငယ် လူရွယ်များ အား အသေးစားစက်မှုလက်မှုလုပ်ငန်းရှင်များ ပေါ်ထွန်းလာစေရန်အတွက် အသက်မွေးဝမ်းကျောင်း ဆိုင်ရာ ကာလတိုသင်တန်းများကို ဖွင့်လှစ်ပို့ချပေးခြင်း၊ နည်းပညာများ ပံ့ပိုးပေးခြင်းဖြင့် အသက် မွေးပညာရပ်လုပ်ငန်းရှင်များ ပေါ်ပေါက်လာပြီး မိသားစုဝင်ငွေ တိုးပွားစေရန်နှင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိအောင် အရှိန်အဟုန်မပြတ် ဆောင်ရွက်ပေးနေခြင်းနှင့် ပတ်သက်၍ မိုးညှင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးနှင့် တွေ့ဆုံမေးမြန်းထားပါသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ၂၀၂၄ ခုနှစ် ကမ္ဘာ့အလုပ်သမားနေ့အထိမ်းအမှတ် MSMEs ဒေသထုတ်ကုန်ပြပွဲ၊ ဈေးရောင်းပွဲတော်ကျင်းပပြုလုပ်

၂၀၂၄ ခုနှစ် မေလ ၁ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ MSMEs ဒေသထုတ်ကုန်ပြပွဲ၊ ဈေးရောင်းပွဲနှင့် MSMEs လုပ်ငန်းရှင်များပါဝင်သည့် Talk Show စကားဝိုင်း ဆွေးနွေးပွဲကို မေ ၁ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ဗန်းမော်ခရိုင်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်း  ဒေသန္တရစီမံကိန်းနှင့် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းစီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုလျာထားချက်များ ဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်ဒေသန္တရစီမံကိန်း ရည်မှန်းချက်များနှင့်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ခြင်းအခမ်းအနားကို မေလ (၁)ရက်နေ့ နံနက်(၉) နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(ပူတာအို) ကျောင်းခန်းမ၌  စားသောက်ကုန်ပစ္စည်း ထောက်ပံ့ပေးအပ်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ဖွံ့ဖြိုးတိုးတက်ရေးတာဝန်ခံ ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် သည် ယမန်နေ့ညနေ(၄)နာရီက အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(ပူတာအို)ခန်းမ၌အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(ပူတာအို)၊အစိုးရနည်းပညာအထက်တန်းကျောင်း (ပူတာအို)တို့တွင် တာဝန်ထမ်းဆောင်နေသော ဆရာ၊ဆရာမများနှင့် ဝန်ထမ်းများအား တွေ့ဆုံပြီး စားသောက် ကုန်ပစ္စည်းများထောက်ပံ့ပေးအပ်ခဲ့သည်။
Subscribe to ကချင်ပြည်နယ်