မောင်တော နိုဝင်ဘာ ၉
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန၊ မောင်တောမြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံသားတစ်ဦး၏ ကိုယ်ရေးအချက်အလက်နှင့် ဇီဝဆိုင်ရာအချက်အလက်များအား မြို့နယ်အတွင်းကောက်ယူလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ပညာရေးဝန်ထမ်းများအား အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ဆက်လက်ကောက်ယူလျက်ရှိသည်။
ထိုသို့ ကောက်ယူလျက်ရှိရာ မောင်တောမြို့နယ်အတွင်းရှိ ပညာရေးဝန်ထမ်းများအား နိုင်ငံသားတစ်ဦး၏ ကိုယ်ရေးအချက်အလက်နှင့် ဇီဝဆိုင်ရာအချက်အလက်များအား စနစ်တကျကောက်ယူလက်ရှိပြီး မောင်တောမြို့နယ်အနေဖြင့် လက်ရှိဖွင့်လှစ်ထားသော အခြေခံပညာကျောင်းပေါင်း ၁၂၁ တွင် တာဝန်ထမ်းနေသူ ၁၃၇၀ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သက်လွင်စိုး၊ အောင်ကျော်စိန်