တောင်ကုတ်မြို့ရှိ ဌာနဆိုင်ရာရုံးများသို့ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်များအခမဲ့ငှားရမ်းပေး

တောင်ကုတ် နိုဝင်ဘာ ၉

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် စာကြည့်တိုက်သို့မလာရောက်နိုင်သည့် ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် စာပေများ အလွယ်တကူလေ့လာဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် မြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများသို့ စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးလျက်ရှိသည်။

ထိုသို့ငှားရမ်းပေးလျက်ရှိရာတွင် နိုဝင်ဘာလ(၇)ရက်နေ့ နံနက်(၁၁)နာရီက မြို့နယ်စီမံကိန်းရုံးနှင့် အစိုးရအမှုထမ်းများ ငွေစုငွေချေးသမဝါယမလီမိတက်တို့တွင် ငှားရမ်းပေးခဲ့ပြီး အဆိုပါရွေ့လျားစာကြည့်တိုက်တွင် သုတ၊ ရသစာအုပ်များ၊ မဂ္ဂဇင်းစာအုပ်များနှင့် ဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များ ငှားရမ်းနိုင်ပြီး အပတ်စဉ်ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)