ပေါက်တော နိုဝင်ဘာ ၉
ပေါက်တောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ (Youth Club) အဖွဲ့ဝင်တို့နှင့် ပူးပေါင်းဆောင်ရွက်သော စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁ဝ နာရီက ပြုလုပ်ကြသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိန်က စာဖတ်ဝိုင်းကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် စာဖတ်ဝိုင်းတွင် (Youth Club) အဖွဲ့ဝင်များဖြစ်ကြသော မခိုင်ဝေသိန်း၊ မငြိမ်းငြိမ်းဖြိုးနှင့် မခိုင်နှင်းမွန်တို့က စာရေးဆရာ မသီတာ(စမ်းချောင်း) ရေးသားသော "ဆယ်ကျော်သက်တို့ဆုံးဖြတ်ရမည့် အရေးကြီးဆုံး (၆) ချက် စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေးကြသည်။
ထို့ပြင် ပေါက်တောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်သို့ မလာနိုင်သည့်စာဖတ်ပရိသတ်များနှင့် ကလေးငယ်များအတွက် ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စာအုပ်မိတ်ဆက်ခြင်း၊ စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်း၊ လူငယ်စကားဝိုင်းနှင့်အသိပညာပေး (Talk Show) အစီအစဉ်များရိုက်ကူးပြီး ပေါက်တောမြို့နယ် Facebook Page တွင် တင်ဆက်ပေးလျက်ရှိသည့်အပြင် စာဖတ်ပရိသတ် လက်ဝယ်အရောက် စာအုပ်စာစောင်များအား ရွေ့လျားစာကြည့်တိုက်အဖြစ် ကွင်းဆင်းကာ အခမဲ့ငှားရမ်းပေးလျက်ရှိကြသည်။
မြို့နယ်(ပြန်/ဆက်)