ပေါက်တော နိုဝင်ဘာ ၉
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျန်အေးက ဌာနပေါင်းစုံ စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို နိုဝင်ဘာလ (၂၆/၂၇)ရက်နေ့တို့တွင် ကထိန်လှည့်လည်ရေးနှင့် ကထိန်လျာသင်္ကန်းဆက်ကပ်ခြင်းကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးကိစ္စရပ်များ၊ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ပုံငွေချေးငွေထုတ်ပေးထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို အထူးဂရုပြုဆောင်ရွက်ကြရန်၊ နွေရာသီရေပြတ်လပ်မှု မဖြစ်ပေါ်စေရေးနှင့် မြို့ရေပေးဝေရေးကိစ္စရပ်များ၊ မြို့သန့်ရှင်းသာယာလှပရေး၊ ပွင့်လင်းရာသီ ရောက်ရှိနေပြီဖြစ်သည့်အတွက် ရုံးများဥပဓိရုပ်ကောင်းမွန်ရေးကိစ္စရပ်များနှင့် ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ အစည်းအဝေးသို့တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုများ၊ လိုအပ်ချက်များအား ဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)