ရခိုင်ပြည်နယ်

သံတွဲမြို့နယ်၌ စာဖတ်ရှိန် မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေး

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာဖတ်ရှိန် မြင့်မားလာပြီး စာအုပ်စာပေကောင်းများကို လေ့လာရှာမှီးတတ်စေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်စနစ် Mobile မော်တော်ယာဉ်ဖြင့် ကျောင်းများ၊ ကျေးရွာများ၊ ဌာနဆိုင်ရာများအရောက် စာအုပ်များ ငှားရမ်း ဝန်ဆောင်မှုပေးခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် (၃၃) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်း

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် (၃၃) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်း ယနေ့ နံနက် ၉ နာရီအချိန်  အဆိုပါ ကျောင်းခန်းမတွင် ပြု လုပ်ခဲ့သည်။

မာန်အောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၏ (၁၄)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲ ကျင်းပ

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၏ (၁၄)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ပြုလုပ်ရာ မဟာဓမ္မိကာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရ  အမှူးပြုသော သံဃာတော်(၉)ပါးကြွရောက်တော်မူကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဇော်ဟိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဂွမြို့နယ်တွင် မိုးစပါးဆင်းသွယ်လတ် အထူးဇုန်၌ စံကွက်ရိတ်သိမ်းပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် ရဟိုင်ကူးတို့အုပ်စု၊ ရဟိုင်ကွင်းကျေးရွာ ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာ တောင်သူဦးညွှန့်ရွှေ၏ မိုးစပါးဆင်းသွယ်လတ်အထူးဇုန်တွင် စံကွက်ရိတ်သိမ်းပွဲအား ယမန်နေ့ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့ကြသည်။

တောင်ကုတ်မြို့၌ ဒုတိယအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးစီးကျင်းပသော ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အလှူရှင်များ၏ ဒုတိယအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့ နံနက် (၉) နာရီအချိန်က တောင်ကုတ်မြို့ တပ်ဦးကျောင်း ဓမ္မာရုံတော်၌ ကျင်းပပြုလုပ်သည်။

စစ်တွေမြို့မှ ဘူးသီးတောင်မြို့သို့ ရောက်ရှိလျက်ရှိသည့် အဝေးသင်တက္ကသိုလ် ကျောင်းသား၊ကျောင်းသူများနှင့် ပညာရေးဝန်ထမ်းများ မောင်တောမြို့သို့ ပြန်လည်ရောက်ရှိ

စစ်တွေမြို့မှ ဘူးသီးတောင်မြို့သို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် ရောက်ရှိနေသည့် ပညာရေးဝန်ထမ်းများနှင့် မိသားစုဝင်များ ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ ၊ စစ်တွေတက္ကသိုလ်မှ အဝေးသင်ကျောင်းသား၊ ကျောင်းသူများ ၊ အခြားအစိုးရဝန်ထမ်းများသည် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့မှ ကြီးကြပ်မှုဖြင့်  ဘူးသီးတောင်မြို့မှ မောင်တောမြို့သို့ နို၀င်ဘာ၂၀ ရက်နေ့ နံနက် ၁၁ နာရီ ၂၅ မိနစ် အချိန်ခန့်က အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းသို့ မော်တော်ယာဉ်များဖြင့် ပြန်လည်ရောက်ရှိလာကြရာ  တာဝန်ရှိသူများက ကြိုဆိုလက်ခံခဲ့ကြသည်။

ရခိုင်ပြည်နယ် မောင်တောမြို့သို့ အဝေးသင်တက္ကသိုလ် ကျောင်းသား၊ကျောင်းသူများနှင့် ပညာရေးဝန်ထမ်းများ ပြန်လည်ရောက်ရှိ

စစ်တွေမြို့မှ ဘူးသီးတောင်မြို့သို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် ရောက်ရှိနေသည့် ပညာရေးဝန်ထမ်းများနှင့် မိသားစုဝင်များ၊ အဝေးသင်ကျောင်းသား၊ ကျောင်းသူများ၊ အခြားအစိုးရဝန်ထမ်းများသည် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်မှုဖြင့်  ဘူးသီးတောင်မြို့မှ မောင်တောမြို့သို့ ယမန်နေ့ ညနေ ၆ နာရီ ၂၅ မိနစ်ခန့်က  မြို့မအနောက်ရပ်ကွက်၊ သာသနာ့ဗိမာန်တော်သို့ မော်တော်ယာဉ်များဖြင့် ပြန်လည်ရောက်ရှိလာကြရာ တာဝန်ရှိသူများက ကြိုဆိုလက်ခံခဲ့ကြသည်။

ဘူးသီးတောင်မြို့၌ စစ်တွေအဝေးသင်တက္ကသိုလ်မှ ရောက်ရှိနေသည့် ကျောင်းသား၊ ကျောင်းသူများနှင့်သင်တန်းမှ ပြန်လည်ရောက်ရှိနေသည့် ဆရာ၊ဆရာမများ မိမိတို့နေရပ်သို့ ဆက်လက်ထွက်ခွာ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၌ စစ်တွေအဝေးသင် တက္ကသိုလ်မှ စာမေးပွဲဖြေဆို၍ ရွှေပြည်တန်အမြန်ရေယာဉ်များဖြင့် ရောက်ရှိနေသည့် ကျောင်းသား၊ ကျောင်းသူများ၊ သင်တန်းမှ ပြန်လည်ရောက်ရှိနေသည့် ဆရာ၊ဆရာမများနှင့် ဌာနဆိုင်ရာဝန်ထမ်းအား ယမန်နေ့ ညနေပိုင်းက မောင်တောမြို့ မိမိတို့နေရပ်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ အစီအမံဖြင့် ပြန်လည်ရောက်ရှိနိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဂွမြို့နယ်တွင် ဒေသခံပြည်သူများအား စားသုံးဆီများကို ပြင်ပဈေးနှုန်းထက် သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေး

မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ဦးစီး၍ ရခိုင်ပြည်နယ်၊ ဂွမြို့နယ် မြို့ပေါ်ရပ်ကွက်များရှိ ဒေသခံပြည်သူများအား စားသုံးဆီများကို ပြင်ပဈေးနှုန်းထက် သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းမှစ၍  ရောင်းချပေးခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ ပင်စင်ငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများထုတ်ပေး

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ မြန်မာ့စီပွားရေးဘဏ်မှ မြို့နယ်အတွင်းရှိ ပင်စင်အငြိမ်းစားဝန်ထမ်းများကို ယမန်နေ့ ၉ နာရီအချိန်မှစ၍  ပင်စင်လစာများကို စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်းသိရသည်။
Subscribe to ရခိုင်ပြည်နယ်