ဂွမြို့နယ်တွင် မိုးစပါးဆင်းသွယ်လတ် အထူးဇုန်၌ စံကွက်ရိတ်သိမ်းပွဲ ကျင်းပ

ဂွ   နိုဝင်ဘာလ  ၂၂

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် ရဟိုင်ကူးတို့အုပ်စု၊ ရဟိုင်ကွင်းကျေးရွာ ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာ တောင်သူဦးညွှန့်ရွှေ၏ မိုးစပါးဆင်းသွယ်လတ်အထူးဇုန်တွင် စံကွက်ရိတ်သိမ်းပွဲအား ယမန်နေ့ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါစံကွက်ရိတ်သိမ်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်ထွန်းလင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများ၊ စုစုပေါင်းလူဦးရေ ၇၀ ဦးခန့် တက်ရောက်ခဲ့ကြကြောင်းနှင့် စံကွက် ၀.၁၀ ဧကအား ရိတ်သိမ်းခဲ့ရာ အစိုအထွက် ၁၄၅ တင်းနှုန်းနှင့် အခြောက်အထွက်၁၃၈တင်းနှုန်းထွက်ရှိခဲ့ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်