ဘူးသီးတောင်မြို့၌ စစ်တွေအဝေးသင်တက္ကသိုလ်မှ ရောက်ရှိနေသည့် ကျောင်းသား၊ ကျောင်းသူများနှင့်သင်တန်းမှ ပြန်လည်ရောက်ရှိနေသည့် ဆရာ၊ဆရာမများ မိမိတို့နေရပ်သို့ ဆက်လက်ထွက်ခွာ

ဘူးသီးတောင်  နိုဝင်ဘာ  ၂၂

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၌ စစ်တွေအဝေးသင် တက္ကသိုလ်မှ စာမေးပွဲဖြေဆို၍ ရွှေပြည်တန်အမြန်ရေယာဉ်များဖြင့် ရောက်ရှိနေသည့် ကျောင်းသား၊ ကျောင်းသူများ၊ သင်တန်းမှ ပြန်လည်ရောက်ရှိနေသည့် ဆရာ၊ဆရာမများနှင့် ဌာနဆိုင်ရာဝန်ထမ်းအား ယမန်နေ့ ညနေပိုင်းက မောင်တောမြို့ မိမိတို့နေရပ်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ အစီအမံဖြင့် ပြန်လည်ရောက်ရှိနိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့်အဖွဲ့ဝင်များမှ မောင်တောမြို့နယ်သို့ လိုက်ပါသွားကြမည့် ကျောင်းသား၊ကျောင်းသူများ၊ ဆရာ၊ဆရာမများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ စိတ်အေးချမ်းသာစွာဖြင့် မိမိတို့နေရပ်များသို့ စနစ်တကျ ပြန်လည်ရောက်ရှိ နိုင်ရေးလိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း စီစဥ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါ မောင်တောမြို့ မိမိတို့နေရပ်ပြန်လည်ရောက်ရှိနိုင်ရေးတာဝန်ရှိသူများ ကူညီဆောင်ရွက်ပေးသည့် ကျောင်းသား၊ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းကျား(၂၂၉)ဦး၊ မ(၂၆၂)ဦး စုစုပေါင်း(၄၉၁)ဦးတို့သည် ဘူးသီးတောင်မြို့မှ မော်တော်ယာဥ်(၁၂)စီး၊ ဆိုင်ကယ် (၃၇)စီးတို့ဖြင့်ဘူး သီးတောင်မြို့မှ မောင်တောမြို့သို့ ဆက်လက်ထွက်ခွာသွားခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)