ရခိုင်ပြည်နယ်

ပေါက်တောမြို့ရှိ နေအိမ်များ မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်းမီးသတိမူရေး ကွင်းဆင်း စစ်ဆေး

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်​၊ ပေါက်တောမြို့နယ်မီးသတ်ဦးစီးဌာနမှ  မီးဘေးအန္တရာယ် ကြုံတွေ့လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့ နံနက် ၉ နာရီ က ပေါက်တောမြို့ပေါ်ရှိ အမှတ်(၄)ရပ်ကွက်-ပိုက်ဆိပ်စုတွင် နေအိမ်များ မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း မီးသတိမူရေးစစ်ဆေးအကြံပေးကြသည်။

ရသေ့တောင်မြို့နယ်တွင် မေယုရင်ငွိ့လူမှုကူညီရေးအသင်း(မယူကမ်းဒေသ)၏(၅)ကြိမ်‌‌မြောက် တက္ကသိုလ်ဝင်တန်း ထူးချွန်ဂုဏ်ပြုပွဲနှင့် အသင်းနှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင် မေယုရင်ငွိ့လူမှုကူညီရေးအသင်း (မယူကမ်းဒေသ)၏(၅)ကြိမ်‌‌မြောက် တက္ကသိုလ်ဝင်တန်း ထူးချွန်ဂုဏ်ပြုပွဲနှင့် အသင်းနှစ်ပတ်လည်နေ့ အခမ်းအနားကို ယမန့်က အထက(ခွဲ)မင်းဖူကျောင်းခံဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဘူးသီးတောင်မြို့၌ ရွေးကောက်ပွဲဆိုင်ရာ မဲစာရင်းပြည့်စုံမှန်ကန်ရေးအတွက် အခြေခံလူဦးရေစာရင်း ထပ်နေသူများအား CROSS CHECK စနစ်ဖြင့် စီစစ်သန့်စင်ခြင်း လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်းအကြောင်း ရှင်းလင်းဆွေးနွေး

ရခိုင်ပြည်နယ် ၊ မောင်တောခရိုင် ၊ ဘူးသီးတောင်မြို့၌ ရွေးကောက်ပွဲဆိုင်ရာ PR စနစ် အကြောင်းနှင့် မဲစာရင်းပြည့်စုံမှန်ကန်ရေးအတွက်  အခြေခံလူဦးရေစာရင်း ထပ်နေသူများအား CROSS CHECK စနစ်ဖြင့် စီစစ်သန့်စင်ခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်းအကြောင်း ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့နေ့လယ် ၁ နာရီ အချိန် ဘူးသီးတောင်မြို့၊ ဦးဥတ္တမခန်းမ၌ ကျင်းပရာ  ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်၊ ရခိုင်ပြည်နယ်တာဝန်ခံ ဒေါ်နုမြဇံ၊ ပြည်နယ် ရွေးကောက်ပွဲအရာရှိ ဦးသူရိန်ထွဋ်နှင့် အတူ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် အဖွဲ့၀င်များ ၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဉက္ကဌ ဦးကျန်အေးနှင့် အဖွဲ့၀င်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ဝန်ထမ်းများ၊ ရပ်/ကျေး စာရေးများနှင့် ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မဲစာရင်းပြည့်စုံမှန်ကန်စေရေး၊ အခြေခံ လူဦးရေစာရင်းမှ စာရင်းထပ်နေမှုများအား CROSSCHECK စနစ်ဖြင့် စိစစ်သန့်စင်ခြင်း လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်းဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲကျင်းပ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၌ မဲစာရင်းပြည့်စုံမှန်ကန်စေရေး၊ အခြေခံလူဦးရေစာရင်းမှ စာရင်းထပ်နေမှုများ အား CROSSCHECK စနစ်ဖြင့် စိစစ်သန့်စင်ခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နေ့လယ်(၁)နာရီအချိန်က ဘူးသီးတောင်မြို့၊ ဦးဥတ္တမခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်၊ ရခိုင်ပြည်နယ် တာဝန်ခံဒေါ်နုမြဇံ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးဝန်ထမ်းများ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်/မြို့နယ်အဆင့် ဝန်ထမ်း များ၊ ရပ်/ကျေးစာရေးများနှင့် ရပ်ကွက် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။

ဂွမြို့ ရဟိုင်ကူးတို့ကျေးရွာတွင် အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဖွင့်လှစ် သင်ကြားပေး

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊  ရဟိုင်ကူးတို့ကျေးရွာတွင်  ဒီဇင်ဘာလ ကျောင်းပိတ်ရက်များအတွင်းအခြေခံဗုဒ္ဓဘာသာယဉ်ကျေးကျေးမှုသင်တန်းကို ပရိယတ္တိတိုက်ကျောင်း ဓမ္မာရုံတွင် ဖွင့်လှစ်၍သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း (ကျောက်ဖြူ)၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှု ပညာသင်တန်းကျောင်း (ကျောက်ဖြူ)၌ သင်တန်းများ တက်ရောက်သင်ယူလျက် ရှိသည့် သင်တန်းသားများကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တာဝန်ရှိသူများက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးများ ဟောပြောခဲ့ကြောင်း သိရ သည်။

ဂွမြို့ရာဇပဗ္ဗတ မင်းတောင်စေတီတော်မြတ်ကြီး၏ သာသနာ့နယ်မြေတွင် တည်ထားကိုးကွယ်မည့် (စကျင်ကျောက်) ရုပ်ပွားတော်မြတ်ကြီး မြို့တွင်းသို့ လှည့်လည်ပူဇော်ခံ မင်္ဂလာအခမ်းအနား ကျင်းပ

ရခိုင်ပြည်နယ် ဂွမြို့၊ မြို့မရပ်ကွက်၊ ရှေးဟောင်းသမိုင်းဝင် ရာဇပဗ္ဗတမင်းတောင် စေတီတော်မြတ်ကြီး၏ သာသနာ့နယ်မြေတွင် တည်ထားကိုးကွယ်မည့် (စကျင်ကျောက်) ရုပ်ပွားတော်မြတ် ကြီးမြို့တွင်းသို့ လှည့်လည်ပူဇော်ခံ မင်္ဂလာအခမ်းအနားကို ယမန်နေ့ညနေပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ကျိန္တလီမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာပေဝါသနာရှင်များ စာဖတ်ဝိုင်းကျင်းပ

ကျိန္တလီမြို့၌ စာရေးဆရာ ဒေါက်တာခင်မောင်ညို၏ “လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း” စာအုပ်ဖြင့် ယမန်နေ့ညနေပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာပေဝါသနာရှင်များနှင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ဖြူမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် U-21 ကလပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ကျောက်ဖြူခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ကိုသားသား အားကစားပစ္စည်းအရောင်းဆိုင်တို့ ပူးပေါင်းကျင်းပသော U-21 ကလပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၃)နာရီက အစိုးရရပ်ကွက်ရှိ မြို့မအားကစားဘောလုံးကွင်းကြီး၌ ကျင်းပပြုလုပ်သည်။

အမ်းမြို့နယ် အောက်ရွာကျေးရွာအုပ်စု၊ ကျော်ဇံဆီဆိုင်ကုန်းအနီး လမ်းဘေးဝဲယာတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ သန့်ရှင်းသာယာလှပရေး အောက်ရွာကျေး ရွာအုပ်စု၊ ကျော်ဇံဆီဆိုင်ကုန်းအနီး လမ်းဆုံလမ်းဘေးဝဲယာများတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၇)နာရီအချိန်က ဆောင်ရွက်ခဲ့ ကြသည်။
Subscribe to ရခိုင်ပြည်နယ်