ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မဲစာရင်းပြည့်စုံမှန်ကန်စေရေး၊ အခြေခံ လူဦးရေစာရင်းမှ စာရင်းထပ်နေမှုများအား CROSSCHECK စနစ်ဖြင့် စိစစ်သန့်စင်ခြင်း လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်းဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲကျင်းပ

ဘူးသီးတောင် ဒီဇင်ဘာ ၂၅

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၌ မဲစာရင်းပြည့်စုံမှန်ကန်စေရေး၊ အခြေခံလူဦးရေစာရင်းမှ စာရင်းထပ်နေမှုများ အား CROSSCHECK စနစ်ဖြင့် စိစစ်သန့်စင်ခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နေ့လယ်(၁)နာရီအချိန်က ဘူးသီးတောင်မြို့၊ ဦးဥတ္တမခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်၊ ရခိုင်ပြည်နယ် တာဝန်ခံဒေါ်နုမြဇံ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးဝန်ထမ်းများ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်/မြို့နယ်အဆင့် ဝန်ထမ်းများ၊ ရပ်/ကျေးစာရေးများနှင့် ရပ်ကွက် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။

ဦးစွာပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ရခိုင်ပြည်နယ် တာဝန်ခံ ဒေါ်နုမြဇံက ရွေးကောက်ပွဲ ကျင်းပရေး တာဝန်၊ ရွေးကောက်ပွဲကျင်းပရာတွင် ကျင့်သုံးမည့် စနစ်များ၊ မဲစာရင်းပြည့်စုံမှန်ကန်စေရေး၊ အခြေခံလူဦးရေစာရင်းမှ စာရင်းထပ်နေမှုများအား CROSSCHECK စနစ်ဖြင့် စိစစ်သန့်စင်ခြင်း လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဆိုင်ရာများ၊ PR စနစ်ပြောင်းလဲကျင့်သုံးပါက သိမှတ်ဖွယ်ရာများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ၊ ဥပဒေပါ မဲစာရင်းပြုစုခြင်းဆိုင်ရာ ပြဋ္ဌာန်းချက် များ၊ အခြေခံ လူဦးရေစာရင်းများ ပြုစုခြင်း၊ စိစစ်သည့် လူဦးရေ၊ စိစစ်တွေ့ရှိရသည့်အကြိမ် ထပ်ဦးရေ၊ နိုင်ငံသား စိစစ်ရေး ကတ်ပြား နှစ်ကြိမ်နှင့် အထက်ထပ်နေမှုများ တွေ့ရှိမှုအခြေအနေတို့ကို PowerPoint ဖြင့် အသေးစိတ် ရှင်းလင်း တင်ပြသည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်သည် ပြည်နယ်ရွေးကောက်ပွဲ အရာရှိ ဦးသူရိန်ထွဋ်၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အတူ ခန်းမအတွင်း၌ ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်မှ ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနမှ ဝန်ထမ်းများက လူဦးရေစာရင်းများကို ကွန်ပျူတာဆော့ဝဲလ်အသုံးပြု၍ နိုင်ငံသားစိစစ်ရေးကတ်ပြား ထပ်နေသူများ၊ နိုင်ကတ်မရှိသူ/မပြည့်စုံသူများ၊ အသက် ၁၈ နှစ်နှင့်အထက် အောက်ရှိသူများ၊ မွေးသက္ကရာဇ် မပြည့်စုံသူများ၊ မွေးရက်၊ မွေးလထပ်နေသူများစသည်တို့ကို CROSS CHECK စစ်ဆေးနေမှုကို ကြည့်ရှုအားပေးခဲ့ ကြကြောင်း သိရသည်။

အဆိုပါ မဲစာရင်းပြည့်စုံမှန်ကန်စေရေး၊ အခြေခံလူဦးရေစာရင်းမှ စာရင်းထပ်နေမှုများအား CROSSCHECK စနစ်ဖြင့် စိစစ်သန့်စင်ခြင်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်၊ ရခိုင် ပြည်နယ် တာဝန်ခံ ဒေါ်နုမြဇံ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်မှ ဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာနမှ ခရိုင်/မြို့နယ်အဆင့် ဝန်ထမ်းများ၊ ရပ်/ကျေးစာရေးများနှင့် ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ စုစုပေါင်းလူအင်အား(၂၀၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)