ဂွမြို့ရာဇပဗ္ဗတ မင်းတောင်စေတီတော်မြတ်ကြီး၏ သာသနာ့နယ်မြေတွင် တည်ထားကိုးကွယ်မည့် (စကျင်ကျောက်) ရုပ်ပွားတော်မြတ်ကြီး မြို့တွင်းသို့ လှည့်လည်ပူဇော်ခံ မင်္ဂလာအခမ်းအနား ကျင်းပ

ဂွ   ဒီဇင်ဘာ   ၂၅

ရခိုင်ပြည်နယ် ဂွမြို့၊ မြို့မရပ်ကွက်၊ ရှေးဟောင်းသမိုင်းဝင် ရာဇပဗ္ဗတမင်းတောင် စေတီတော်မြတ်ကြီး၏ သာသနာ့နယ်မြေတွင် တည်ထားကိုးကွယ်မည့် (စကျင်ကျောက်) ရုပ်ပွားတော်မြတ် ကြီးမြို့တွင်းသို့ လှည့်လည်ပူဇော်ခံ မင်္ဂလာအခမ်းအနားကို ယမန်နေ့ညနေပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

 မန္တလေးမြို့၊ မဟာသုန္ဒရာ ရာမကျောင်းတိုက်မှ လက်ပန်းတောင်းဆရာတော် ဘဒ္ဒန္တအာဝုဓအရှင်မြတ်နှင့် ပင့်ဆောင်ရေးအဖွဲ့သည် ဂွမြို့သူ၊ မြို့သားများနှင့် အလုံးစုံသော လူနတ်ဗြဟ္မာ သတ္တဝါ (၇)ရက်သားသမီးအားလုံး ကိုးကွယ်ပူဇော်နိုင်ရန်အတွက် ဥာဏ်တော်(၁၅)ပေ၊ အလေး ချိန်တန်၂၀ရှိထိုင်တော်မူ(စကျင်ကျောက်)ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရန်အတွက် ပင့်ဆောင်လာခဲ့ရာ ဒီဇင် ဘာလ၂၁ရက်နေ့တွင်ဒေါင့်ချောင်းကျေးရွာအုပ်စုရှိ ဒေါင့်ချောင်းချောင်းတွင် ယာယီမြေသားလမ်းမှ ဖြတ်သန်းမောင်းနှင်ရသဖြင့် ဆင်းတု တော်နှင့် ဆင်းတုတော်သယ်ဆောင်လာသည့်ယာဥ်မှ တိမ်းစောင်းမှု ဖြစ်ပွားခဲ့ရာ ကြန့်ကြာမှုများရှိခဲ့ပြီး ဒီဇင်ဘာ ၂၄ရက်နေ့ညနေပိုင်းတွင် ဂွမြို့သို့ပင့်ဆောင်နိုင်ခဲ့လေသည်။ ထိုနောက်ရာဇပဗ္ဗတမင်းတောင် စေတီတော်မြတ်ကြီး၏ သာသနာ့နယ်မြေတွင် တည်ထားကိုးကွယ်မည့် (စကျင်ကျောက်) ရုပ်ပွားတော်မြတ်ကြီးအား မြို့တွင်းသို့ လှည့်လည်ပူဇော်ခံ မင်္ဂလာအခမ်းအနားကို စည်ကားသိုက်မြိုက် စွာ ကျင်းပခဲ့ကြောင်းနှင့် ဒီဇင်ဘာလ၂၅ရက်နေ့ နံနက်(၇)နာရီအချိန်တွင် ရှေးဟောင်းသမိုင်းဝင် ရာဇပဗ္ဗတမင်းတောင် စေတီတော်မြတ်ကြီးရှိရာ သာသနာ့နယ်မြေသို့ ပင့်ဆောင်တည်ထား ကိုးကွယ်သွားမည်ဖြစ်ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်