ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရုံးဌာနများအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရုံးဌာနများအား မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ယမန်နေ့ညနေပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

အမ်းမြို့နယ် မူလတန်းကြိုကျောင်း၌ အားကစားပြိုင်ပွဲများ ကျင်းပ

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ် အမှတ် (၃) စျေးရပ်ကွက်ရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ အမ်းမူလတန်းကြိုကျောင်းမှ  မူကြိုကလေးငယ်များ ကာယ၊ ဉာဏ စွမ်းရည်တိုးတက် မြင့်မားရေး ဒီဇင်ဘာလ ကျောင်းတွင်းအားက စားပြိုင်ပွဲများကို အ မှတ်(၃)စျေးရပ်ကွက် အားကစားကွင်းတွင် ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ဖြူမြို့၌ အခြေခံပညာကျောင်းသားအားကစားပွဲတော်အတွက် ခရိုင်အဆင့် လူရွေးပွဲပြုလုပ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းသားအားကစားပွဲတော်အတွက် ခရိုင်အဆင့် ကျောင်းပေါင်းစုံလူရွေးပွဲကို အစိုးရရပ်ကွက်ရှိ မြို့မအားကစားဘောလုံးကွင်းနှင့် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း အားကစားကွင်းတို့တွင် ဒီဇင်ဘာ ၂၅ ရက်နေ့ နံနက်ပိုင်းက စတင်ကာ ကျင်းပပြုလုပ်လျက်ရှိသည်။

အမ်းမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် စာသင်ကျောင်းဆောင်သစ်ဖွင့်ပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၊ အမ်းတောင်အုပ်စု တောင်စောက်ကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီဌာနမှ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့်စာသင်ကျောင်းဆောင်သစ်ဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက  ကျင်းပခဲ့သည်။

မြောက်ဦးမြို့နယ်အတွင်းရှိ ဓါတ်မြေဩဇာအရောင်းဆိုင်များ၌ မြင်းပျံမြေဩဇာအိတ်ထဲတွင် အရည်အသွေးနိမ့်မြေဩဇာများထည့်သွင်းပြီး တုပရောင်းချနေမှု ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေး

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ ဓါတ်မြေဩဇာအရောင်းဆိုင်များ၌ မြင်းပျံမြေဩဇာအိတ်ထဲတွင် အရည်အသွေးနိမ့်မြေဩဇာများထည့်သွင်းပြီး တုပရောင်းချနေမှုရှိ၊ မရှိ စီးပွားရေးလုပ်ငန်းရှင်များအား ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နေ့လည် ၂ နာရီအချိန်က သက်ဆိုင်ရာတာဝန်ရှိသူများမှ အဆိုပါအရောင်းဆိုင်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မြောက်ဦးမြို့ပေါ်ရှိ ရှေးဟောင်းသမိုင်းဝင် ဘုရား၊ စေတီပုထိုးများ၌ ဘုရားဖူးပြည်သူများဖြင့် စည်ကား

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးရှေးဟောင်းမြို့တော်တွင် တည်ထားကိုးကွယ်လျက် ရှိသော ရှေးဟောင်းဘုရား၊ စေတီ၊ ပုထိုးများသို့ အနယ်နယ်အရပ်ရပ်မှ  ရဟန်းရှင်လူပြည်သူများ ယမန်နေ့ နံနက်ပိုင်းတွင် ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်း (ကျောက်ဖြူ)၌ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်း ဖွင့်ပွဲ အခမ်းအနား ပြုလုပ်

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှု ပညာသင်တန်းကျောင်း(ကျောက်ဖြူ)၌သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက အဆိုပါ စက်မှုလက်မှု ပညာသင်တန်း ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

ဘူးသီးတောင်မြို့နယ်တွင် မြို့နယ် (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ မြို့နယ်အဆင့်မြေပြင်ကွင်းဆင်း စာရင်းကောက်သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြို့နယ် (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ မြို့နယ်အဆင့်မြေပြင်ကွင်းဆင်းစာရင်းကောက်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီအချိန်က ဘူးသီးတောင်မြို့၊ ဦးဥတ္တမခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

တတိယအကြိမ်မြောက် ကိုဗစ်-၁၉ ကာကွယ်ဆေး(Booster)ထိုးနှံရေး ညှိနှိုင်းအစည်းအဝေး ပုဏ္ဏားကျွန်းမြို့၌ပြုလုပ်

မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှဦးစီးပြီး၊ တတိယအကြိမ်မြောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Booster)ထိုးနှံနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၁)နာရီက ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဂွမြို့ ရာဇပဗ္ဗတမင်းတောင်စေတီတော်မြတ်ကြီး၏ သာသနာ့နယ်မြေတွင် (စကျင်ကျောက်)ရုပ်ပွားတော်မြတ်ကြီးအား တည်ထားကိုးကွယ်သည့် မင်္ဂလာအခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ ဂွမြို့၊ မြို့မရပ်ကွက်၊ ရှေးဟောင်းသမိုင်းဝင် ရာဇပဗ္ဗတမင်းတောင်စေတီတော်မြတ်ကြီး၏ သာသနာ့နယ်မြေတွင် (စကျင်ကျောက်)ထိုင်တော်မူ ရုပ်ပွားတော်မြတ်ကြီးအား ပင့်ဆောင်တည်ထားကိုးကွယ်သည့် မင်္ဂလာအခမ်းအနားကို ယမန်နေ့ညနေပိုင်းက မင်းတောင်သာသနာ့နယ်မြေတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ရခိုင်ပြည်နယ်