ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ နယ်မြေခံတပ်မတော်သားများ စုပေါင်းသွေးလှူဒါန်းပွဲ တက်ရောက်ကြည့်ရှုအားပေး

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ စစ်တွေတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိလ(စစ်တွေ)တို့မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ စစ်တွေတပ်နယ်မှ နယ်မြေခံတပ်မတော်သားများ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နေ့လယ်ပိုင်းက စစ်တွေမြို့၊ ခုတင်(၅၀၀) ဆံ့အထွေထွေရောဂါကုဆေးရုံကြီး၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။

စစ်တွေမြို့၌ ရွေးကောက်ပွဲဆိုင်ရာ PR စနစ်အကြောင်းနှင့် မဲစာရင်းပြည့်စုံမှန်ကန်ရေးအတွက် ရခိုင်ပြည်နယ်အခြေခံလူဦးရေစာရင်း ထပ်နေသူများအား CROSS CHECK ပြုလုပ်ခြင်းအကြောင်း ရှင်းလင်းပွဲကျင်းပ

ရွေးကောက်ပွဲဆိုင်ရာ PR စနစ်အကြောင်းနှင့် မဲစာရင်းပြည့်စုံမှန်ကန်ရေးအတွက် ရခိုင်ပြည်နယ် အခြေခံလူဦးရေစာရင်း ထပ်နေသူများအား CROSS CHECK ပြုလုပ်ခြင်းအကြောင်းရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်၊ ရခိုင်ပြည်နယ်တာဝန်ခံဒေါ်နုမြဇံ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်/ကျေးစာရေးများနှင့် ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။

စိုက်ပျိုးရေးဦးစီးဌာနပိုင် မြေဧရိယာများထဲမှ ဂွချောင်းတံတားဆောက်လုပ်ရာတွင် ပါဝင်သွားသည့် မြေဧရိယာ(၀.၀၃၈)ဧကအား လမ်းဦးစီးဌာနသို့ လွှဲပြောင်းပေးအပ် စစ်ဆေးလက်ခံခြင်း အခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်ရှိ စိုက်ပျိုးရေးဦးစီးဌာနပိုင် မြေဧရိယာ(၀.၂၃၆)ဧကအနက်မှ ဂွချောင်းတံတားဆောက်လုပ်ရာတွင်ပါဝင်သွားသည့် မြေဧရိယာ(၀.၀၃၈)ဧကအား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနသို့ လွှဲပြောင်းပေးအပ် စစ်ဆေးလက်ခံခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရသေ့တောင်မြို့ရှိနေအိမ်များ မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်းမီးသတိမူရေး ကွင်းဆင်းစစ်ဆေး

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက်ယနေ့နေ့လည် ၁၂နာရီ ကရသေ့တောင်မြို့ အရှေ့တောင်ရပ်ကွက်ကမ်းနားလမ်းရှိ နေအိမ်များအားအတွက် တစ်အိမ်တက်ဆင်း မီးသတိမူရေး စစ်ဆေးအကြံပေးကြသည်။

စစ်တွေမြို့၌ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ၊ ပြည်သူများ အေးချမ်း ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် နှစ်စဉ်ဒီဇင်ဘာလအား လူထုအားကစားလအဖြစ် သတ်မှတ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူထုစုပေါင်းလမ်းလျှောက်ပွဲများ၊ စုပေါင်းကိုယ်လက် ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများ၊ ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲများ၊ Physical Fitness Dance များ စုပေါင်း ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုအဖြစ် စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၆ နာရီက စစ်တွေမြို့ ရှုခင်းသာလမ်းဆုံရှေ့၌ ကျင်းပပြုလုပ်သည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအဖွဲ့၏ ခရိုင်အဆင့်လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့၏ ခရိုင်အဆင့်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နေ့လည် ၁ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြ သည်။

ရသေ့တောင်မြို့တွင် လယ်ယာကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ဆောင်းသီးနှံများ စံပြစိုက်ပျိုးဆောင်ရွက်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် လယ်ယာကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းရာသီတွင် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသတွင်း မျိုးကောင်းမျိုးသန့်ပွားများ ရေး၊ စားသုံးဆီဖူလုံရေးနှင့်တောင်သူများ ဝင်ငွေတိုးတက်ရေးတို့အတွက် ဆီထွက်သီးနှံ တစ်ခုဖြစ်သည့် မြေပဲ(၁၀)ဧကစံပြစိုက်ကွက်ကို ခနောင်ကြီးကျေးရွာအုပ်စုတွင် အကျိုးဆောင် တောင်သူတစ်ဦးဖြစ်သည့် ဦးကျော်သိန်းနု၏လယ်မြေတွင် ဆင်းပဒေသာ(၁၁)နှင့် မကွေး(၁၆) မျိုးနှစ်မျိုးဖြင့် ပညာပေးစိုက်ပျိုးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးတင်ဝင်းထံမှ သိရှိရသည်။

ပေါက်တောမြို့တွင် လူဦးရေစာရင်းမှန်ကန်စေရေး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့ (Working Group)၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်တွင် လူဦးရေစာရင်းမှန်ကန်စေရေးမြေပြင် တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့ (Working Group) မြေပြင်တိုက်ဆိုင်စစ်ဆေးရန်အတွက် ဌာဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ် ၁ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့​သည်။

ရခိုင်ပြည်နယ်၊ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရခိုင်ပြည်နယ်၊ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ ပြည်နယ်အဆင့်လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌   (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ကျင်းပနိုင်ရေး မြို့နယ်အဆင့် လုပ်ငန်းညှိနိုင်းအစည်းအဝေးပြုလုပ်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌  ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ကျင်းပနိုင်ရေး မြို့နယ်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
Subscribe to ရခိုင်ပြည်နယ်