အမ်းမြို့နယ် အောက်ရွာကျေးရွာအုပ်စု၊ ကျော်ဇံဆီဆိုင်ကုန်းအနီး လမ်းဘေးဝဲယာတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

အမ်း ဒီဇင်ဘာ ၂၅

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ သန့်ရှင်းသာယာလှပရေး အောက်ရွာကျေး ရွာအုပ်စု၊ ကျော်ဇံဆီဆိုင်ကုန်းအနီး လမ်းဆုံလမ်းဘေးဝဲယာများတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၇)နာရီအချိန်က ဆောင်ရွက်ခဲ့ ကြသည်။

အဆိုပါ စုပေါင်းသန့်ရေးကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်း ဦးဆောင်၍ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်၊ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော် သားများ၊ ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဝန်ထမ်း များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပြည်သူများ ပူးပေါင်းပါဝင်၍  မြစ်ပင်များ၊ သစ်ပင်ချုံနွယ်များ ခုတ်ထွင် ရှင်းလင်းခြင်းကို စုပေါင်းဆောင်ရွက်ကြောင်း သိရသည်။

စိုးမင်းထွန်း