ဂွ ဒီဇင်ဘာ ၂၅
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ရဟိုင်ကူးတို့ကျေးရွာတွင် ဒီဇင်ဘာလ ကျောင်းပိတ်ရက်များအတွင်းအခြေခံဗုဒ္ဓဘာသာယဉ်ကျေးကျေးမှုသင်တန်းကို ပရိယတ္တိတိုက်ကျောင်း ဓမ္မာရုံတွင် ဖွင့်လှစ်၍သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် လိမ္မာယဉ်ကျေးပြီး ကျောင်းပိတ်ရက်ကာလများအတွင်း အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုကိုသိရှိနားလည်စေရန်ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်းနှင့် သင်တန်းကာလမှာ ဒီဇင်ဘာ ၂၂ ရက်မှ ၂၅ ရက်နေ့ထိဖြစ်ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်