မောင်တော ဒီဇင်ဘာ ၂၇
ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရုံးဌာနများအား မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ယမန်နေ့ညနေပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထို့သို့ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်ဦးစီးမှူးရုံးမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးဇော်ဦးလှိုင်ဦးဆောင်၍ တပ်ဖွဲ့ဝင်များက ကုန်သွယ်ရေးဦးစီးမှူးရုံးတွင် မတော်တဆ မီးဘေးအန္တရာယ် မဖြစ်ပွားစေရေးနှင့် မီးဘေးကြောင့် ဆုံးရှုံးမှုမရှိစေရေးအတွက် မီးကိုစနစ်တကျ အသုံးပြုစေရေး၊ အမှိုက်သရိုက် များအား စနစ်တကျစွန့်ပစ်ရေး၊ ဆေးလိပ်သောက်သုံးသူများဖြင့် ဆေးလိပ်ကို မီးမငြိမ်းသတ်ဘဲ မစွန့်ပစ်စေရေး၊ လျှပ်စစ်မီးအသုံးပြုသူများအနေဖြင့် မိမိတို့ရုံးရှိ လျှပ်စစ်ဝါယာကြိုးများ ပေါက်ပြဲမှုရှိမရှိ၊ လျှပ်စစ် ဝါယာကြိုးများ၊ မီးပလက်ပေါက်များ ဟောင်းနွမ်းနေပါကလည်း သက်ဆိုင်ရာလျှပ်စစ်ဝန်ထမ်းများဖြင့် လဲလှယ်တပ်ဆင် အသုံးပြုစေရေး၊ ရှေးဦးမီးသတ်ဆေးဘူးများ အသင့်ထားရှိရန် လိုအပ်ကြောင်းနှင့် မတော်တဆ မီးလောင်မှုဖြစ်ပွားပါကလည်း သက်ဆိုင်ရာ မီးသတ်ဦးစီးဌာနသို့ ချက်ချင်းသတင်းပေး ပို့ချပါရန် ကွင်းဆင်းစစ်ဆေး အကြံပြုလမ်းညွန်မှာကြားခဲ့ကြကြောင်း သိရသည်။
အောင်ကျော်စိန်၊ သက်လွင်စိုး(ခရိုင်ပြန်/ဆက်)