မြောက်ဦး ဖေဖော်ဝါရီ ၃
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ သဘာဝဘေးကြိုတင်ကာကွယ်ရေးအတွက် ရှာဖွယ်ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ဇာတ်တိုက်လေ့ကျင်းဆောင်ရွက်ခြင်းကို ညောင်ပင်ဈေး ရပ်ကွက် ၊ ခရိုင်မီးသတ်ဦးစီးဌာနရုံး ဘေးကွင်းပြင်၌ ယနေ့နံနက် ၉ နာရီ အချိန်က ခရိုင်/ မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ ငလျင်ဘေး၊ မုန်တိုင်းဘေး အန္တရာယ်ဆိုင်ရာ ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းသို့ ငလျင်ဘေး၊ မုန်တိုင်းဘေးအန္တရာယ် ဇတ်တိုက်လေ့ကျင့်ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးလှဝင်း ဦးဆောင်၍ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင် များမှ အထောက်အကူပြုပစ္စည်းများဖြင့် ငလျင်ဘေး၊ မုန်တိုင်းဘေးအန္တရာယ်များ ကျရောက်လာပါက အချိန်မီ ရှာဖွယ်ကယ်ဆယ်ရေးနှင့် ကူညီရေးလုပ်ငန်းများ လက်တွေ့ဆောင်ရွက်တတ်စေရန် ရည်ရွယ်ချက်ဖြင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ဖော်ပြသခြင်းနှင့် ဇာတ်တိုက်လေ့ကျင်းခြင်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
မြင့်စိုး ၊ စိုးငြိမ်းနိုင် (ပြန်/ဆက်)