ပေါက်တော ဖေဖော်ဝါရီ ၃
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့ ညနေ ၃ နာရီက ပေါက်တောမြို့ အ.ထ.က(မြို့မ)ကျောင်းရှိ စုပေါင်းခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်စိန်နှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြမင်းထွန်းတို့က အဖွင့်အမှာစကား အသီးသီးပြောကြားကြသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းအား စတင်ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်စိန်က ဦးဆောင်ဆွေးနွေးကာ Grade-8မှ ကျောင်းသူမဖြိုးသော်တာက “စာတတ်ဖို့သာမက ပညာတတ်ဖို့ပါ ကြိုးစားကြ”၊ Grade-8 မှ ကျောင်းသူမငြိမ်းမြတ်ဖြိုးက “လူငယ်နဲ့စာရိတ္တ” Grade-8မှ ကျောင်းသား မောင်ဝေယံလင်းက “မျိုးဆက်သစ်လူငယ်များ မျိုးချစ်စိတ်ရှင်သန်ထက်မြက်ရေး” Grade-8မှ ကျောင်းသား မောင်အောင်သန်းဌေးက “လူငယ်နဲ့အားကစား” အစရှိသည့် ခေါင်းစဉ်ပါအကြောင်းအရာများကိုဆွေးနွေးကြသည်။
ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသားကျောင်းသူများက မိမိတို့သိရှိ လိုသည်များကို မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် ဦးဆောင်ဆွေးနွေးသူ ကျောင်းသားကျောင်းသူ လေးဦးကပြန်လည်ဖြေကြားခြင်းဖြင့် အပြန်အလှန်ဆွေးနွေးကြသည်။ အဆိုပါလူငယ်စကားဝိုင်း ဆွေးနွေးပွဲသို့ ပေါက်တောမြို့အထက(မြို့မ) ကျောင်းမှ ကြီးကြပ်ဆရာမများ၊ ကျောင်းသားကျောင်းသူများ ၁၀၀ ဦးခန့် တက်ရောက်ကြသည်။
ထို့ပြင် ခန်းမအတွင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသောအသိ ပညာပေးမူးယစ်ဆေးဝါးနံရံကပ် စာစောင်နှင့်ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံ ကပ်စာစောင်တို့ကိုကြည့်ရှုကြကြောင်းသိရသည်။
ဝင်းမင်းစိုး (ပြန်/ ဆက်)