မင်းပြား ဖေဖော်ဝါရီ ၃
ရခိုင်ပြယ်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့၌ လူငယ်များဘေးကင်းလုံခြုံစွာ စားသုံးနိုင်စေရန်အသိပညာပေးဟောပြောခြင်း၊ ကျန်းမာရေးစောင့်ရှောက်ခြင်း၊ နံရံကပ်စာစောင်ပြသခြင်းကို အခြေခံပညာမူလတန်းလွန် (ဦးစိုးတင့်)ကျောင်းခန်းမတွင် ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် စားသုံးသူရေးရာ ဦးစီးဌာနမှမြို့နယ်ဦးစီးမှူး ဦးမောင်သန်းဝင်းက စားသုံးသူများဘေးကင်းလုံခြုံစွာစားသုံးနိုင်စေရန်အသိ ပညာပေးဟောပြောခြင်း၊ စားသုံးသူများအား တားမြစ်ထားသည့်အစားအစာများအား အသိပေးဆွေးနွေးခြင်း၊ စားသုံးသူအကာအကွယ်ပြုဉပဒေ အားရှင်းလင်းခြင်းစသည့်အသိပညာပေးဟောပြောသည်။
ဆက်လက်၍ ဟောပြောပွဲအပြီးတွင်မြို့နယ်တိုင်းရင်းဆေးဦးစီးဌာနမှ ဒေါ်မေမျိုးမြတ်က ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် ကွမ်းစားသုံးခြင်းနှင့် စည်းကမ်းမဲ့ကွမ်း တံတွေး ထွေးမှုများ ကျဆင်းပပျောက်ရေး၊ နံရံကပ်စာစာစောင်အား လေ့လာကြည့်ရှုကြကြောင်းသိရသည်။
သိန်းနုအောင်