သံတွဲ ဖေဖေါ်ဝါရီ ၂
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်း၊ ရခိုင်ပြည်နယ်၊ သံတွဲသစ်ထုတ်လုပ်ရေးဒေသ၊ စာနီတောင်ဆင်စခန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီက အဆိုပါဆင်စခန်းဝင်းအတွင်း၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမျိုးချစ်၊ ခရိုင်သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန် ကြားရေးမှူး ဦးဆန်းဆင့် ၊ သံတွဲသစ်ထုတ်ရေးဒေသ၊ ဒေသတာဝန်ခံမန်နေဂျာဦးသန်းဝင်းတို့က စာနီတောင်ဆင်စခန်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက်သံတွဲသစ်ထုတ်ရေးဒေသ၊ ဒေသတာဝန်ခံမန်နေဂျာဦးသန်းဝင်းက စာနီတောင်ဆင်စခန်းဆိုင်ရာ အချက်အလက်များကိုရှင်းလင်းတင်ပြခဲ့သည်။ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ဆင်စခန်းရှိဆင်များအားအမွှေးနံသာရည်များပက်ဖြန်းပေးကြပြီး အစာများကျွေးမွေးကြကာ စခန်းအတွင်းပြင်ဆင်ထားရှိမှုများကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကိုလမ်းညွှန်မှာ ကြားခဲ့သည်။
အဆိုပါဆင်စခန်းသည် ငပလီမြို့နှင့်(၆)မိုင်အကွာ သံတွဲ-ဂွ ကားလမ်းမကြီးဘေး သံတွဲမြို့အထွက်တွင်တည်ရှိပြီး (၄.၃၆)ဧကကျယ်ဝန်းကြောင်းသိရသည်။ စာနီတောင် ဆင်စခန်းဖွင့်လှစ်ရခြင်းမှာ ငပလီကမ်းခြေသို့အပန်းဖြေအနားယူရန်လာရောက်သည့် ပြည်တွင်း/ပြည်ပခရီးသွား ဧည့်သည်များ အားအမှီပြု၍ သဘာဝအခြေခံခရီးသွားလုပ်ငန်းတစ်ခုဖွံ့ဖြိုးလာစေရန်၊ ဌာနဝင်ငွေတစ် ဖက်တစ်လမ်းမှရရှိနိုင်စေရန်နှင့် ဌာနပိုင်ဆင်များအားကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက် နိုင်စေရန်ရည်ရွယ်၍ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ဒေသတာဝန်ခံမန်နေဂျာ ဦးသန်းဝင်း ထံမှသိရှိရသည်။
၎င်းဆင်စခန်းသို့ ပြည်တွင်း/ပြည်ပခရီးသွားဧည့်သည်များ၊ဒေသခံပြည်သူများ လာရောက် အပန်းဖြေအနားယူလည်ပတ်၍ ဆင်စီးနိုင်ပါကြောင်းနှင့် ဝင်ကြေးအဖြစ် လူတစ်ဦးလျှင် (၁၀၀ဝိ/-)၊ ဆင်စီးလျှင်လူတစ်ဦး (၅၀၀ဝိ/-)နှုန်းကျသင့်မည်ဖြစ်ကြောင်း သိရှိရသည်။
ခရိုင်ပြန်/ဆက်