ရခိုင်ပြည်နယ်

ဂွမြို့နယ်တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းများဆောင်ရွက်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ဌာနဆိုင်ရာရုံးများသို့ သွားရောက်၍ ငှားရမ်းပေးခဲ့သည်။

ဂွမြို့ (Community Centre) ခန်းမတွင် မသန်စွမ်းသူများနှင့်ပတ်သက်၍ အသိပညာပေး (Talk Show) ကျင်းပ

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ မသန်စွမ်းသူများနှင့်ပတ်သက်၍ အသိပညာပေး(Talk Show)ကို လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့မွန်းလွဲ (၂)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ဘူးသီးတောင်မြို့နယ်၌ (၇၅)နှစ်မြောက် မြန်မာ-ရုရှားသံတမန်ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများအား နံရံကပ်ပြဘုတ်တွင် ပြသ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန ရုံးရှေ့နံရံကပ်ပြဘုတ်တွင် (၇၅)နှစ် မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများကို ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများလေ့လာကြည့်ရှုနိုင်ရန် ယမန်နေ့ နေလယ်( ၁၁)နာရီခွဲအချိန်တွင် ပြသခဲ့သည်။

ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)၌ လူငယ်စကားဝိုင်းကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)တို့ပူးပေါင်း၍ “လူငယ်နှင့်ဆိုရှယ်မီဒီယာ၏အကျိုးအပြစ်” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းကို ယမန်နေ့နေ့လယ်ပိုင်းက ကွန်ပျူတာတက္ကသိုလ်(စစ်တွေ) စုဝေးခန်းမ၌ ကျင်းပသည်။

ဘူးသီးတောင်မြို့၌၂ဝ၂၂-၂၀၂၃ခုနှစ်၊ မြို့နယ်စိုက်ပျိုးရေးဦး စီးဌာန၏ဆီထွက်သီးနှံနေကြာကွင်းသရုပ်ပြပွဲအခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် နန်းရာကုန်းကျေးရွာအုပ်စု၌ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ (၁)ဧကအထွက်နှုန်းတိုးတက်ရေးအတွက် တောင်သူပညာပေးနေကြာသီးနှံ ကွင်းသရုပ်ပြအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါကွင်း၌ကျင်းပခဲ့ သည်။

ကျောက်ဖြူမြို့၊ စေတီယျရပ်ကွက်မှ မီးဘေးသင့် မိသားစုဝင်များအား ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ စေတီယျရပ်ကွက်၊ ကယ်ဆယ်ရေးလမ်းမှ မီးဘေးသင့်မိသားစုဝင်များအတွက် ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်ခြင်းကို  ယနေ့ နံနက်ပိုင်းက  တာဝန်ရှိသူများက အဆိုပါရပ်ကွက်သို့ သွားရောက်၍ ၎င်းရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးခန်း၌ ထောက်ပံ့ပေးအပ်သည်။ 

မြောက်ဦးမြို့၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲကို ထမ္မရာဇ်ရပ်ကွက် လူမှုဝန်ထမ်းဦးစီးဌာနရုံးခန်းမ၌ ယမန်နေ့ညနေပိုင်းအချိန်က ဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။

မောင်တောမြို့နယ်၊ မီးတိုက်ကျေးရွာ အခြေခံပညာအလယ်တန်း(ခွဲ)ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မီးတိုက်ကျေးရွာ၊ အ-လ-က(ခွဲ)ကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန တို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့မွန်းလွဲ ၁၂ နာရီအချိန်က အဆိုပါကျောင်းခန်းမ၌ ကျင်းပသည်။

အမ်းမြို့နယ်၌ ဆင်ခြေထောက်ရောဂါကင်းဝေးရေးနှင့် သန်ချဆေးပေါင်းကွင်းဆင်းတိုက်ကျွေးခြင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ဆင်ခြေထောက်ရောဂါကင်းဝေးရေးနှင့် သန်ချဆေးပေါင်းတိုက်ကျွေးခြင်းလုပ်ငန်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့မွန်းတည့် (၁၂)နာရီအချိန်က အမ်းမြို့နယ် မူလတန်းကြိုကျောင်းရှိ ကလေးငယ်များအား ကွင်းဆင်းတိုက်ကျွေးလျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေး

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူများအားအခမဲ့  ကျန်းမာရေး ကာကွယ်စောင့်ရှောက်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်  (၃)မိုင်လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာတွင် ဆောင်ရွက်ပေးခဲ့ကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဦးနှင့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးပြီး  မြန်မာနိုင်ငံကြက်ခြေနီ တပ်ဖွဲ့ဝင်များ ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လိုအပ်သည်များကိုကူညီဆောင်ရွက် ပေးခဲ့ကြသည်။
Subscribe to ရခိုင်ပြည်နယ်