ဂွ ဖေဖော်ဝါရီ ၁၇
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ မသန်စွမ်းသူများနှင့်ပတ်သက်၍ အသိပညာပေး(Talk Show)ကို လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့မွန်းလွဲ (၂)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က မျက်မမြင်သင်တန်းကျောင်းနှင့်ပတ်သက်၍ သိရှိလိုသောအချက်များကို မေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးပိုင်သူအောင်က ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မျက်မမြင်ကျောင်း၏ ရည်ရွယ်ချက်၊ သင်တန်းသားလက်ခံပေးမှုအခြေအနေ၊ လေ့ကျင့်သင်ကြားပေးမှုများ၊ ပညာရေးဆောင်ရွက်ပေးမှုများ၊ လက်ခံသည့်အမျိုးအစားများနှင့် စောင့်ရှောက်ပေးမှုအခြေအနေများကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်